နစကကောင်စီမှ ဝန်ကြီးအချို့ကို ရာထူးတာဝန်တွေပြောင်းလဲခန့်အပ်

မေ ၃-၂၀၂၂
KK(VOM)

နစကကောင်စီဝင်အချို့ကို မနေ့ညပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁၉ အရ ရာထူးတာဝန်များ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်ပေးအပ်ထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စစ်ဘက်မူလတာဝန်တွေက်ု ပြန်လည်ထမ်းဆောင်စေခဲ့ပြီး ဗိုလ်ချုပ်ဇင်မင်းထက်ကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ကာ ရဲချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီး ဦးမင်းမင်းဦးကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကိုတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့အဖြစ် ပြင်ဆင်ဖွဲ့စည်းကာ ဝန်ကြီးဌာန ၂ ခုရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ဦးသောင်းဟန်အား ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယဝန်ကြီးတွေအဖြစ် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒေါက်တာမိုးဇော်ထွန်း၊ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးမင်းသူ၊လျှပ်စစ်စွမ်းအာဝန်ကြီးဌာန ဒေါက်တာအောင်ဇေယျတို့ကို ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထွန်းအုံကိုလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နစက #ဝန်ကြီးအချို့ #ပြောင်းလဲခန့်အပ်

Related posts

Leave a Comment

VOM News

FREE
VIEW