ရေစကြိုမှာ လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

မေ ၊ ၃-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာမှာ မနေ့ မေ ၂ရက် မနက်ပိုင်းက ရွာထဲက လူနေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဦးသိန်းရွှေဆိုသူရဲ့အိမ်ပေါ်ကို လက်လုပ်စိန်ပြောင်းကျည် ကျရောက်ပေါက်ကွဲတာပါ ၊ အိမ်ရှင် ဦးသိန်းရွှေရဲ့ အစ်မဖြစ်သူ ဒေါ် စန်းရွှေ နဲ့ ဦးသိန်းရွှေရဲ့သား ဖြစ်သူ မောင်ကောင်းခန့် တို့ ၂ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် အိမ်ရှင်ဦးသိန်းရွှေရဲ့ မိန်းမနဲ့သမီးဖြစ်သူမှာလည်း လက်နက်ကြီးကျည် ထိမှန်တဲ့အတွက် ပခုက္ကူ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနိုင်ဖို့ ပရဟိတသမားတွေက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လက်နက်ကြီး ကျည်ဆံကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်ရဲ့အိမ်ခေါင်မိုး၊သွပ်ချပ်တွေလည်း ပွင့်ထွက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေစကြို #လက်နက်ကြီးကျ #၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW