မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ကူးစက်မှု ပထမဆုံးတွေ့ရှိပြီးနောက် လော့ခ်ဒေါင်းချဖို့အမိန့်ထုတ်

ပြုံးယမ်း၊ မေ-၁၂-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါပထမဆုံး ကူးစက်မှုကို အတည်ပြုပြီးနောက် တင်းကြပ်တဲ့ လော့ခ်ဒေါင်းအစီအမံတွေချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက မေ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မြို့တော်ပြုံးယမ်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပေမယ့် ကူးစက်မှုအရေအတွက် ဘယ်လောက်လဲဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။

ဒီဖြစ်စဉ်ဟာ နိုုင်ငံရဲ့အကြီးမားဆုံးသော အရေးပေါ်အခြေအနေဖြစ်ပြီး အရေးပေါ်တုံ့ပြန်မှုတွေကို ပြင်ဆင်ဖိုဇ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အရေးပေါ်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေ့လာသူတွေကတော့ ကိုဗစ်-၁၉ ရောဂါဟာ မြောက်ကိုရီးယားမှာ ကူးစက်နေတာ ကြာနေပြီလို့ ယူဆနေကြပါတယ်။

မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံထုတ် ဆီနိုဗက်ကာကွယ်ဆေးနဲ့ အန်စထရာဇန်နီကာ ကာကွယ်ဆေးတွေ ပေးအပ်ဖို့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းမရှိသေးပါဘူး။

မြောက်ကိုရီးယားဟာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး နယ်စပ်တွေကို ပိတ်ထားခြင်းဖြင့် ကူးစက်မှုကိုတားဆီးဖို့ ရည်မှန်းထားခဲ့ပြီး ဒီလိုလုပ်ဆောင်မှုကြောင့် စီးပွားရေကျဆင်းခြင်းနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW