မြန်မာ့အရေး ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍကပါ၀င်ဖို့ အာဆီယံကို အမေရိကန်တိုက်တွန်း

ဝါရှင်တန်၊ မေ-၁၂-၂၀၂၂ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ယခုထက်ပိုထိရောက်တဲ့အခန်းကဏ္ဍကနေ ပါ၀င်ကြဖို့ အမေရိကန်က လိုလားကြောင်း အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ကာ့ကမ်းဘဲလ်က မေ ၁၁ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဝါရှင်တန်မှာပြုလုပ်မယ့်ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကို အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး သံတမန်ရေးရာ ကြိုးစားအားထုတ်ဖို့ မေ ၁၁ နဲ့ ၁၂ ရက်မှာ ပြုလုပ်မယ့် အမေရိကန် -အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းလိမ့်မယ်လို့ ကမ်းဘဲလ်က ပြောပါတယ်။ လက်ရှိ မြန်မာအာဏာပိုင်တွေရော အတိုက်အခံတွေပါ ရှေ့ဆက်ပြီးဘယ်လို ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ အစပြုမှုတွေကို လုပ်ဆောင်ဖို့ မိမိတို့မျှော်လင့်ကြောင်း သူကပြောပါတယ်။ အမေရိကန်အနေနဲ့ အခြားမိတ်ဖက်တွေနဲ့လက်တွဲပြီး မြန်မာ့အရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါ၀င်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့်…

Read More

လူ ၁၁၃ ဦးတင်ဆောင်ထားတဲ့ တရုတ်ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်ပြီး မီးလောင် ၊ ၃၆ ဦး ဆေးရုံတင်ထားရ

ပေကျင်း၊ မေ-၁၂-၂၀၂၂ မျိုးဆက်(VOM) ခရီးသည် ၁၁၃ ဦးကို တင်ဆောင်ထားတဲ့ တရုတ်ခရီးသည်လေယာဉ်တစီးဟာ ချုံကင်းလေဆိပ်မှာ မေ ၁၂ ရက်က ပြေးလမ်းချော်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ တိဘက်လေကြောင်းလိုင်းက Airbus A319 လေယာဉ်ဟာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နင်ချီမြို့ကို ပျံသန်းဖို့ လုပ်ဆောင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၁၃ ဦးနဲ့ လေယာဉ်အမှုထမ်း ကိုးဦးလိုက်ပါသွားတယ်လို့ တရုတ်လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အားလုံးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီး ဒဏ်ရာရသူ ၃၆ ဦးကို ဆေးရုံပို့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်မှူးတွေဟာ လေယာဉ်ရဲ့ မူမမှန်မှုကို သတိထားမိတာကြောင့် ပျံသန်းမှုကို ရပ်တန့်လိုက်ပြီးနောက် လေယာဉ်ဟာ ပြေးလမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ မတ်လအတွင်းကလည်း တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ…

Read More

မြိုင်မြို့နယ်မှာ ဘုန်းကြီး ၁ ပါး အပါအဝင် ဦးခေါင်းပြတ် ရုပ်အလောင်း ၄ လောင်းတွေ့

မေ ၊ ၁၂-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သင်ပေါင်းကန်ကျေးရွာမှာရှိတဲ့ ၊ ဃောသိတာရာမမြတ်နိုးကျောင်းထဲမှာ မနေ့ မေ ၁၁ ရက် နေ့လယ်ပိုင်းက ဘုန်းကြီး ၁ ပါး အပါအဝင် ၊ ဦးခေါင်းပြတ် ရုပ်အလောင်း ၄ လောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရတာပါ ၊အားလုံးက လည်ပင်းဖြတ်တောက် ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်ပါတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် သင်ပေါင်းကန်ရွာခံတယောက်က”ခန်းနေ ဥူးဇင်း ဥူးသုမန(ခ)ဦးညွန့်ဝင်းဌေး၊ သက်တော် ၄၄ နှစ်၊ ဝါတော် ၁၄ ဝါ၊ ဦးအောင်ဝင်း ၂၉…

Read More

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ကူးစက်မှု ပထမဆုံးတွေ့ရှိပြီးနောက် လော့ခ်ဒေါင်းချဖို့အမိန့်ထုတ်

ပြုံးယမ်း၊ မေ-၁၂-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါပထမဆုံး ကူးစက်မှုကို အတည်ပြုပြီးနောက် တင်းကြပ်တဲ့ လော့ခ်ဒေါင်းအစီအမံတွေချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက မေ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ မြို့တော်ပြုံးယမ်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပေမယ့် ကူးစက်မှုအရေအတွက် ဘယ်လောက်လဲဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒီဖြစ်စဉ်ဟာ နိုုင်ငံရဲ့အကြီးမားဆုံးသော အရေးပေါ်အခြေအနေဖြစ်ပြီး အရေးပေါ်တုံ့ပြန်မှုတွေကို ပြင်ဆင်ဖိုဇ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အရေးပေါ်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာသူတွေကတော့ ကိုဗစ်-၁၉ ရောဂါဟာ မြောက်ကိုရီးယားမှာ ကူးစက်နေတာ ကြာနေပြီလို့ ယူဆနေကြပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံထုတ် ဆီနိုဗက်ကာကွယ်ဆေးနဲ့ အန်စထရာဇန်နီကာ ကာကွယ်ဆေးတွေ ပေးအပ်ဖို့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းမရှိသေးပါဘူး။ မြောက်ကိုရီးယားဟာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး နယ်စပ်တွေကို ပိတ်ထားခြင်းဖြင့် ကူးစက်မှုကိုတားဆီးဖို့ ရည်မှန်းထားခဲ့ပြီး ဒီလိုလုပ်ဆောင်မှုကြောင့် စီးပွားရေကျဆင်းခြင်းနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေ…

Read More

ပခုက္ကူမြို့နယ်မှာ ၁ လ အတွင်း ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ် ၁၀ ကြိမ်ထက်မနည်းရှိခဲ့

မေ ၊ ၁၂-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကနေ အခုလ မေ ၁၂ ရက်အထိ ၁ လအတွင်း ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ဓားပြနဲ့ လုယက်မှုတွေ ပူရတယ် ၊ ငွေကြေး ပြည့်စုံတဲ့ အသိုင်းအဝိုင်းက လူတွေကတော့ ပခုက္ကူမှာ လုံခြုံရေး စိတ်မချရတာကြောင့် တခြားမြို့တွေကို ယာယီပြောင်းရွှေ့နေကြတာများတယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် ညနေပိုင်းက ပခုက္ကူမြို့နယ် ၊ နတ်ဥယျာဥ်ကျေးရွာ အနောက်ဘက် ၊ ပခုက္ကူ – ပေါက် ကားလမ်း ၊ ဒေသအခေါ်…

Read More
VOM News

FREE
VIEW