မြိုင်မြို့နယ်မှာ ဘုန်းကြီး ၁ ပါး အပါအဝင် ဦးခေါင်းပြတ် ရုပ်အလောင်း ၄ လောင်းတွေ့

မေ ၊ ၁၂-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သင်ပေါင်းကန်ကျေးရွာမှာရှိတဲ့ ၊ ဃောသိတာရာမမြတ်နိုးကျောင်းထဲမှာ မနေ့ မေ ၁၁ ရက် နေ့လယ်ပိုင်းက ဘုန်းကြီး ၁ ပါး အပါအဝင် ၊ ဦးခေါင်းပြတ် ရုပ်အလောင်း ၄ လောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရတာပါ ၊အားလုံးက လည်ပင်းဖြတ်တောက် ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်ပါတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် သင်ပေါင်းကန်ရွာခံတယောက်က”ခန်းနေ ဥူးဇင်း ဥူးသုမန(ခ)ဦးညွန့်ဝင်းဌေး၊ သက်တော် ၄၄ နှစ်၊ ဝါတော် ၁၄ ဝါ၊ ဦးအောင်ဝင်း ၂၉ နှစ်၊ ဦးစိုး၊ ၆၁နှစ် နှင့် ဦးတာတီး ၅၂ နှစ် ၊ အဲ့ဒီ ၄ ယောက်ရဲ့ရုပ်အလောင်းတွေဖြစ်တယ် ၊ ဘယ်သူတွေ သတ်သွားတယ်ဆိုတာ မသိရသေးဘူး ” လို့ ပြောပါတယ်။

အဲဒီ ၄ လောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်ပြီး မနေ့က ညနေပိုင်းမှာ မြိုင်မြို့နယ်လုံခြုံရေးအဖွဲ့က အမှုဖွင့်အရေးယူနိုင်ဖို့ သွားရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်ထဲမှာ အခုလ ၁၁ ရက် မနက်စောပိုင်းက ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု ၊ မြောက်လူးကန်ကျေးရွာမှာရှိတဲ့ ပစ္ဆိမာရုံ ဘုန်းကြီးကျောင်းမှာလည်း ကျောင်းထိုင်ဘုန်းကြီး ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ပျံလွန်တော်မူသွားတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မြိုင် #အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW