ယူကရိန်းက စစ်ပွဲအနိုင်ရနိုင်ကြောင်း နေတိုးအကြီးအကဲပြော

ကိယက်ဗ်၊ မေ-၁၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့စစ်ပွဲကို ယူကရိန်းက အနိုင်ရနိုင်ကြောင်း နေတိုးအကြီးအကဲ စတိုတင်ဘာ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ ရုရှားရဲ့ ထိုးစစ်တွေရပ်တန့်သွားကြောင်း ဗြိတိန်စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အကဲဖြတ်ချက်တစ်ခုမှာ ဖော်ပြထားတယ်လို့ သူကဆိုပါတယ်။

ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲကို၀င်ဖို့အတွက် ထောက်ခံချက်ရရေးနဲ့ပတ်သက်ပြီး ယနေ့ လွှတ်တော်ကို သွားရောက်မယ်လို့ ဆွီဒင်၀န်ကြီးချုပ် Magdalena Andersson ကပြောပါတယ်။

ယူကရိန်းမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ ရုရှားကတော့ နေတိုးအဖွဲ့ချဲ့ထွင်မှုဟာ အမှားအယွင်းတခုဖြစ်လိမ့်မယ်လို့ သတိပေးပြောဆိုထားပါတယ်။

ဘော်လ်တစ်ဒေသမှာ နေတိုးအဖွဲ့ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကိုတော့ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားမှာ စတင်တော့မှာဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို ရုရှားကယူကရိန်းကို မကျူးကျော်မီကတည်းက စီစဉ်ထားပေမယ့်လည်း လက်ရှိမှာတော့ ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်ရေးမှာ ဘောလ်တစ်နိုင်ငံတွေနဲ့ မဟာမိတ်တွေရဲ့ စွမ်းရည်ကို စမ်းသပ်မှုဖြစ်လာပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW