ယူကရိန်းရဲ့အိမ်နီးချင်း ပိုလန်မှာ နေတိုးအဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေ ပူးတွဲစစ်ရေးလေ့ကျင့်နေ

၀ါဆော၊ မေ-၁၄-၂၀၂၂
မျိုးဆက်(VOM)

နေတိုးအဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းရဲ့ အိမ်နီးချင်းဖြစ်တဲ့ ပိုလန်နိုင်ငံမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၂၀ ကျော်က တပ်ဖွဲ့၀င် ခုနှစ်ထောင်ကျော်ပါ၀င်နေပြီး နေတိုးအဖွဲ့၀င်အဖြစ် လျှောက်ထားဖို့ စီစဉ်နေတဲ့ ဆွီဒင်နိုင်ငံလည်းပါ၀င်နေပါတယ်။

စစ်ရေးလေ့ကျင့်မှု အချို့ကိုတော့ ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၁၅၀ အကွာ ပိုလန်အရှေ့ပိုင်းမှာ ပြုလုပ်နေပြီး တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေပါ၀င်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့၀င်တွေအပါအ၀င် နေတိုးမဟာမိတ်တွေ ဘယ်လိုပူးတွဲစစ်ရေးလေ့ကျင့်တယ်ဆိုတာကို လေ့လာဖို့အခွင့်အလမ်းကောင်းဖြစ်ကြောင်း ဆွီဒင်စစ်ဘက် တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတနိုင်ငံ သို့မဟုတ် အခြေအနေတခုအပေါ် ရည်ရွယ်ပြုလုပ်တာမဟုတ်ဘူးလို့ ပိုလန်စစ်တပ်ကပြောပါတယ်။

အမေရိကန်ကလည်း ပိုလန်နဲ့ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းစေဖို့ ရည်ရွယ်ပြီး အခုလိုစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပုံရကြောင်း အကဲခတ်တွေက ပြောပါတယ်။

Ref: NHK
Photo:AFP/Getty Images
#voiceofmyanmar #VOM #ဝါဆော

Related posts

Leave a Comment

VOM News

FREE
VIEW