နေရပ်ပြန်လိုကြတဲ့ စစ်ရှောင်တွေရဲ့ဆန္ဒ ဘယ်တော့ပြည့်နိုင်မလဲ

မေ ၁၈-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ချင်နေကြပြီး သူတို့ရဲ့ရွာပြန်ချင်တဲ့ဆန္ဒကို ဖွင့်ဟပြောဆိုလေ့ရှိပါတယ်။

သူတို့ နေရပ်ပြန်ချင်ကြတဲ့ အဓိက အကြောင်းအရင်းကတော့ စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေး အဆင်မပြေမှုတွေ၊ စားနပ်ရိက္ခာအလုံအလောက်မရတာတွေနဲ့ မိမိတို့အရင်ကနေထိုင်ခဲ့တဲ့ ကျေးလက်သဘာဝအတိုင်း မိမိတို့ရဲ့အလုပ်အကိုင်တွေကို ပြန်လည်လုပ်ကိုင်ချင်ကြတာနဲ့ မွေးရပ်မြေကို သတိရနေကြတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တခုလုံးမှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၆ သောင်းနီးပါးရှိပြီး သူတို့ဟာ နေရပ်ပြန်ဖို့ စိတ်အားထက်သန်နေတာ အခုမှမဟုတ်ဘဲ ဒုက္ခအခက်အခဲပေါင်းစုံကို ခါးစီးရင်ဆိုင်ကာ နေထိုင်ကြရတာ ၃ နှစ်ကျော်လာပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #စစ်ဘေးရှောင် #နေရပ်ပြန်ချင်တဲ့ဆန္ဒ

YouTube Link – https://youtu.be/5KVfP9cWQbs

Related posts

Leave a Comment

VOM News

FREE
VIEW