ပခုက္ကူက ဒုရဲအုပ်တဦးရဲ့နေအိမ်မှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

မေ ၊ ၁၇-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ သီတာလမ်းထောင့်မှာရှိတဲ့ ရဲအရာရှိတဦးရဲ့နေအိမ်မှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ၂ လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

” သေဆုံးသူ ၂ ယောက်က ဒုရဲအုပ်ရဲ့ အမေနဲ့အစ်ကို ဖြစ်တယ် ၊ အမေဖြစ်သူက ဒန်းစီးရင်း ဒန်းပေါ်မှာ သေသွားတယ် ၊ သေနတ်နဲ့ ပစ်သတ်သွားတာပါ၊ ဘယ်သူဘယ်ဝါက ပစ်သွားတယ်ဆိုတာ အခု စုံစမ်းစစ်ဆဲနေတယ် “လို့ နယ်ခံလူမှုကူညီရေးအသင်း ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ဝင် တဦးရှင်းပြတာက ” ဘာကြောင့် အခုလို သတ်သွားရတာလည်းဆိုတာ စစ်ဆေးနေဆဲပါ ၊ ကနဦး သိရတာက ရဲဝန်ထမ်းမိသားစုဖြစ်လို့ အကြမ်းဖက်သမားတွေက သတ်သွားတာလို့ သိရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့အတွက် ပခုက္ကူမြို့နယ်ရဲအဖွဲ့က သွားရောက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဒုရဲအုပ်နေအိမ် #၂လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW