မုံရွာမှာ လူမှုကူညီရေးအသင်းပိုင် ပရဟိတလုပ်ငန်းသုံး ကား ၁ စီး အခိုးခံရ

မေ ၊ ၁၇-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာ (အုန်းခြံ)ရပ်ကွက် ၊ ရာသက်ပန် စေတနာ့ရိပ်မွန် လူမှုကူညီရေးအသင်းရုံးပိုင် ပရဟိတလုပ်ငန်းသုံး ကားတစီး ခိုးယူခံရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

” ရုံးသော့တွေ ဖျက်စီးပြီးတော့ ခိုးယူသွားတာပါ ၊ အခုလ ၁၅ ရက်နေ့ညက ဖြစ်မယ်လို့ ယူဆရတယ် ၊ ပါသွားတဲ့ကားက ပရဟိတလုပ်ငန်းသုံး ဒါဘရယ်ကပ် ဖိုးဝှီးယာဥ်ဖြစ်တယ်”လို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ် ။

မုံရွာမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတွေဟာ အရင်က ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်ကူညီမှုပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်း ညမထွက်ရအမိန့်နဲ့ လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ အမိန့်တွေကြောင့် ညဘက်မှာ အသင်းရုံးပိတ်ထားတဲ့အချိန် အခုလို ကားခိုးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ် ။

အဲ့ဒီလို ပရဟိတလုပ်ငန်းသုံး ကားခိုးခံရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့ခံ လူမှုကူညီရေးအသင်းတွေက လိုက်လံ စုံစမ်းနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ပရဟိတကား #အခိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW