ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဖမ်းဆီးခံရ

ရန်ကုန်၊မေ ၁၇၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်းအစိုးရအဖွဲ့က အတွင်းရေးမှူးဖြစ်သူ ဦးစိုးစိုးဇော်ကို မနေ့ မေ ၁၆ရက် နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ အစိုးရအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုးဖြစ်သူ ဦးစိုးစိုးဇော်ကို ရဲတပ်ဖွဲ့နဲ့စရဖအဖွဲ့တွေ မနေ့ညပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“အဂတိအမှုနဲ့ဖမ်းတယ်လို့တော့ ကြားတယ်၊ သေချာတော့ မသိဘူး၊ မြေယာကိစွလို့လည်းပြောနေကြတယ်”လို့ သူကပြောပါတယ်။

လက်တလောမှာ တိုင်းဒေသကြီးအတွင်းရေးမှူး ဦး
စိုးစိုးဇော်ကို ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို VOM ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လကလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြို့တော်ဝန်ဦးဗိုလ်ဌေးနဲ့စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးတိုကို စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ မြို့တော်ဝန်ဦးဗိုလ်ဌေးကို ပြန်လည်လွှတ်ပေးခဲ့ပြီး စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးကိုတော့ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

နစကကောင်စီလက်ထက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူးဖမ်းဆီးခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းက မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ဖမ်းဆီးခဲ့တာလည်းရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တိုင်းအစိုးရအတွင်းရေးမှူး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW