သီရိလင်္ကာမှာ ဓါတ်ဆီဖြန့်ဖြူးဖို့ တရက်စာသာကျန်၊ ၀န်ထမ်းတွေကို လစာပေးဖို့ ငွေစက္ကူသစ် ထုတ်ဝေရတော့မယ်

ကိုလံဘို၊ မေ-၁၇-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ အတွင်းအဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လောင်စာဆီဖြန့်ဖြူးပေးနိုင်မှု နောက်ဆုံးနေ့ရောက်ရှိပြီဖြစ်ကြောင်း ၀န်ကြီးချုပ်သစ် ရာနီးခ်၀စ်ခရီမီဆင်းက မေ ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေအတွက် ပေးချေဖို့ လာမယ့် ရက်အနည်းငယ်အတွင်း နိုင်ငံခြားငွေ ဒေါ်လာ ၇၅ သန်း အရေးပေါ်လိုအပ်နေကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ၀န်ကြီးချုပ်ကပြောပါတယ်။

အစိုးရ၀န်ထမ်းတွေအတွက် လုပ်ခလစာပေးဖို့ ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူသစ်တွေ ရိုက်နှိပ်ထုတ်ဝေသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။

ဒါ့အပြင် အစိုးရပိုင် သီရိလင်္ကာလေကြောင်းလိုင်းဟာလည်း ပုဂ္ဂလိကပိုင်ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်းတို့ကြောင့် ဆေးဝါး၊ လောင်စာဆီနဲ့ အခြားသောပစ္စည်းတွေ ဆိုးဆိုးရွားရွားပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။

လက်ရှိမှာ လောင်စာဆီဖြန့်ဖြူးပေးဖို့ တစ်ရက်စာသာကျန်ရှိတော့ကြောင်း၊ ဒါပေမယ့် အိန္ဒိယနိုင်ငံမှ အကြွေးစနစ်နဲ့၀ယ်ယူတဲ့ ဓါတ်ဆီနဲ့ ဒီဇယ်တွေကတော့ လာမယ့်ရက်နည်းငယ်အတွင်း ရောက်ရှိလာနိုင်ကြောင်း ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW