အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး ၃ ယောက်သေဆုံး

မေ ၂၀-၂၀၂၂
GG(VOM)

ညောင်ဦးမြို့နယ်က ကျေးရွာတစ်ခုမှာ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။

မနေ့ မေလ ၁၉ ရက်နေ့ က ညောင်ဦးမြို့နယ် အောက်ညဥ့်ရွာက အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းရေဟာ သူရဲ့ နေအိမ်မှာ အစည်းအဝေးလုပ်နေချိန် သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။

” မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ အစည်းဝေးလုပ်ချိန်ဝင်ပစ်ခံရတာလို့သိရတယ် ၊ဒဏ်ရာရသူတွေကိုညောင်ဦးဆေးရုံခေါ်သွားတယ်တဲ့၊ သေတဲ့ ၃ ယောက်ထဲ အုပ်ကြီးမပါဘူးလို့ကြားတယ်၊အသေးစိတ်အခြေအနေကတော့မသိရသေးဘူး ” လို့ဒေသခံတဦးကပြောပါတယ်။

သေနတ်ပစ်ခံရပြီး သေဆုံးသူတွေကတော့ ခိုင်ဇော်၊ကျော်ကျော်မင်း၊ မောင်မြင့်ဆိုသူတွေဖြစ်တယ်လို့သိရပြီး သက်ဆိုင်ရာက အမှုဖွင့်ဖို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေလတ် PDF ၊ TTA ပြောက်ကျားတပ်ဖွဲ့၊ Seven People Defense Force(S.P.D.F)၊ Bagan Heros Guerrilla Force(B.H.G.F)၊ 27 Revolution Force(MGN) တွေက သူတို့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ လူမူကွန်ရက်စာမျက်နှာပေါ်မှာ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ညောင်ဦး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW