နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်နေ၊ သတိရှိကြဖို့ ကမ္ဘာ့နိုင်ငံတွေကို WHO တိုက်တွန်း

ဂျီနီဗာ၊ မေ-၂၁-၂၀၂၂
မျိုးဆက်(VOM)

အာဖရိကဒေသ ပြင်ပအနောက်နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ရောဂါကူးစက်မှုကို သတိရှိကြဖို့ နိုင်ငံအားလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မေလ၂၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နဲ့JY ဗြိတိန်အပါအ၀င် အခြားသောအနောက်နိုင်ငံတွေမှာ ယခုလအတွင်း မျောက်ကျောက်ရောဂါ ကူးစက်မှုသစ်တွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

လက်ရှိချိန်ထိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၈၀ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး စောင့်ကြည်မှုနဲ့စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာတာနဲ့အမျှ အတည်ပြုလူနာ ပိုမိုများပြားလာဖွယ်ရှိကြောင်း သတိပေးထားပါတယ်။

ဥရောပဒေသမှာ လူစုလူဝေးတွေ ပွဲတော်တွေနဲ့ အခမ်းအနားတွေ ကျင်းပလေ့ရှိတဲ့ အချိန်ရောက်ရှိနေတာကြောင့် ရောဂါကူးစက်မှု ပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဥရောပဒေသဆိုင်ရာ ရုံးကပြောပါတယ်။

ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့ အဲဒီရောဂါဟာ သာမန်လူတွေမှာ ပြင်းထန်မှုမရှိပေမယ့် ရောဂါဟာ အထူးသဖြင့် ကလေးငယ်တွေ ကိုယ်၀န်ဆောင်တွေနဲ့ ခုခံအားကျဆင်းသူတွေမှာ ပိုမိုပြင်းထန်နိုင်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW