ရခိုင်ပင်လယ်ပြင်မှာ လေပြင်းမုန်တိုင်းကြောင့်စက်လှေတွေ နစ်မြုပ်ပြီး လှေသမားတချို့ ဒဏ်ရာရ

မေ ၂၂-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်မှာ မနေ့ မေလ ၂၁ရက် ညနေပိုင်းက လေပြင်းမုန်တိုင်း ကျရောက်ခဲ့တာကြောင့် ငါးဖမ်းစက်လှေ ၅ စီးကျော် နစ်မြုပ်ခဲ့ပြီး လှေသမားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ” ဒီကို သတင်းတွေအတိအကျရောက်ပါပြီ။ လှေနစ်မြုပ်တာတော့ဟုတ်တယ်။ ဒါပေမယ့် လူတွေဘာမှမဖြစ်ဘူး။ ဖြစ်တာကတော့ ကျွန်းသာယာတို့၊ နံ့သာကျွန်းဖက်တွေမှာ ငါးဖမ်းနေတဲ့စက်လှေတွေလို့သိရတယ်” လို့ ပြောပါတယ်။

အဲဒီ ငါးဖမ်းစက်လှေတွေမှာပါတဲ့ လှေသမား ၁၃ ဦးဟာ ပင်လယ်ပြင်အတွင်း စက်လှေတွေနဲ့ နစ်မြုပ်သွားပြီး လှေသမားတွေ ပျောက်ဆုံးသွားပြီးခါမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်နယ်ကောင်စီရဲ့ပြောပြလျက်အရ သိရပါတယ်။

စက်လှေနစ်မြုပ်မှုကြောင့် ပြန်လည်ရှာဖွေတွေ့ရှိသူတွေဟာ သက်ဆိုင်ရာကျေးရွာတွေကို ပြန်လည်ရောက်ရှိခဲ့ပြီး လိုအပ်တဲ့ကုသမှုတွေကို ခံယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပုံမြို့နယ်၊ ငပသုန်ကျွန်း နှာခေါင်းပေါက်အနီးမှာလည်း စက်လှေတချို့နစ်မြုပ်တာရှိခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့ သိရပါတယ်။

Photo – ရခိုင်ပြည်ပင်လယ်ပြင်မှာ မနေ့က မိုးသက်လေပြင်းကျရောက်ခဲ့စဥ်
#voiceofmyanmar #VOM #ရခိုင်ပင်လယ်ပြင် #မုန်တိုင်း #စက်လှေနစ် #လှေသမားတွေဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW