ရွှေဘို – မန္တလေး ကားလမ်းမှာ ရန်ကုန်-ကလေး ခရီးသည်တင်ကား မိုင်းထိမှန်ပြီး ခရီးသည် ၂ ဦး ဒဏ်ရာရ

မေ ၂၂-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီး မန္တလေး-ရွှေဘိုကားလမ်းမှာ မနေ့ မေ ၂၁ ရက် မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မိုင်းထိမှန်တဲ့ကားက Hight Class ခရီးသည်တင် မှန်လုံကားဖြစ်တယ် ၊ ကားရဲ့ဘယ်ဘက်ခြမ်း လေကာမှန်တွေ ပျက်စီးတယ်၊ ခရီးသည် ၂ ယောက် ဒဏ်ရာရတယ်” လို့ မြင်တွေ့ခဲ့ရသူ လှတောရွာခံတယောက်က ပြောပါတယ်။

မေလ၂၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ကနေ ကလေးမြို့ကို ထွက်ခွာလာပြီး ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းထိမှန်ခဲ့တာဖြစ်တယ်လို့ ဂိတ်တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

” အရင်က ကလေးခရီးစဥ်တွေကို မုံရွာ ၊ ဂန့်ဂေါ ၊ ကလေး လမ်းပိုင်းကနေ ပြေးဆွဲတယ် ၊ အဲ့ဒီ လမ်းပိုင်းမှာက တိုက်ပွဲတွေဖြစ်ပြီး လမ်းပိတ်ထားတဲ့အတွက် ရွှေဘို၊ တန့်ဆည် ကလေးဝ မဟာမြိုင်လမ်းပိုင်းကနေ ပြောင်းလဲပြေးဆွဲရင်း အခုလို မိုင်းထိမှန်တာ”လို့ ကားသမားတယောက်က ပြောပါတယ်။

ရန်ကုန်-ကလေး ခရီးသည်တင်ကားတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ အခုနှစ် မေလအထိ စစ်ကိုင်းတိုင်းထဲမှာ မိုင်းထိမှန်တဲ့ အကြိမ်ရေ ၉ ကြိမ်ထက်မနည်း ရှိခဲ့ပြီး Hight Class ခရီးသည်တင်ကား အခုတကြိမ်မိုင်းထိမှန်ဟာ တတိယအကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #ရန်ကုန်ကလေးကား #မိုင်းထိမှန်

Related posts

Leave a Comment

VOM News

FREE
VIEW