မြန်မာနိုင်ငံကနေ တရားမဝင် သယ်လာတဲ့ ရှားပါးတိရစ္ဆာန် ၄ရာကျော်ကို မီဇိုရမ်း ရဲက ဖမ်းဆီးအရေးယူ

မေ ၊ ၂၅-၂၀၂၂
SP (VOM)

မြန်မာနိုင်ငံဘက်ကနေ တရားမဝင်လမ်းကြောင်းအတိုင်း ခိုးဝင်တင်သွင်းလာတဲ့ အန္တရာယ်ရှိ ကမ္ဘာ့ရှားပါး တောရိုင်း တိရစ္ဆာန် ၄၆၈ကောင်ကို မေ ၂၅ ရက် ၊ ဒီကနေ့ မနက်ပိုင်းက မီဇိုရမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ တောရိုင်း တိရစ္ဆာန် အေဂျင်စီအဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

” မြန်မာနိုင်ငံက ခိုးထုတ် တင်သွင်းလာတဲ့ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိ တောရိုင်းတိရစ္ဆာန် မျိုးစိတ်မျိုးစုံကို မီဇိုရမ်ပြည်နယ် Chalbawiha Junction Khankawn ရဲစခန်းက ဖမ်းဆီးလိုက်တာ ” လို့ တီးတိန်မြို့ခံ သစ်တောရေးရာ ဝန်ထမ်းတယောက်က ပြောပါတယ် ။

လိပ် (၄) ကောင်၊ မြွေ (၁၁) ကောင်၊ အိမ်မြှောင် (၄၄၂)၊ Toed Sloth (၄)၊ Beaver (၂) နှင့် တောကြောင်တစ်ကောင်အပါအဝင် မျိုးသုဉ်းလုနီးပါးဖြစ်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ် (၄၆၈) ကောင်ကို သစ်တော တာဝန်ရှိသူတွေက ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ တောရိုင်းတိရစ္ဆာန်တွေဟာ အိန္ဒိယနိုင်ငံကနေတဆင့် တတိယနိုင်ငံ တောရိုင်းတိရစ္ဆာန်စျေးကွက်ကို ပို့ဆောင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ ချင်းပြည်နယ် မြောက်ပိုင်း တောထဲက တိရစ္ဆာန်တွေဖြစ်နိုင်ပြီး သစ်တောဝန်ထမ်းတချို့ CDM လုပ်သွားပြီးနောက်ပိုင်း ဝန်ထမ်းအင်အား မလုံလောက်တာကြောင့် အခုလို ခိုးယူခံရတာဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo – Mizoram News
#voiceofmyanmar #VOM #မြန်မာနိုင်ငံ #တရားမဝင်သယ်လာတဲ့ #ရှားပါးတိရစ္ဆာန်၄ရာကျော် #မီဇိုရမ်းရဲကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW