ရန်ကုန်မှာ ငွေစက္ကူအတုတွေ ဆက်တိုက်ဖမ်းဆီးရမိ

မေ၂၅-၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း ငွေစက္ကူအတုတွေ ဆက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဖမ်းဆီးရမိတဲ့မြို့နယ်တွေကတော့ မရမ်းကုန်း၊ဒဂုံဆိပ်ကမ်း၊ရွှေပြည်သာမြို့နယ်တို့ဖြစ်ပြီး မေလ ၅ ရက်ကနေ မေလ ၂၅ ရက်အတွင်း လေးကြိမ်တိုင်ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တည်းခိုခန်းတစ်ခုမှာ ငွေအတုပြုလုပ်သူအမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့မြို့ခံတွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက် စက်မှုဒေသလမ်းမှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ အမျိုးသား ၄ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။ “ကျနော်ထင်တာ ဒဂုံဆိပ်ကမ်းက ကွင်းဆက်တွေဖြစ်မယ်၊ သတင်းရလို့ ဝင်ဖမ်းတာလို့ကြားတယ်”လို့ ပြောပါတယ်။ တည်းခိုခန်းမှာ အမည်မသိအမျိုးသား၄ဦးရောက်ရှိနေတယ်လို့ သတင်းအရ အခန်းနှစ်ခန်းကို ဝင်ရောက်ရှာဖွေရာကနေ ၁ သောင်းတန်ငွေစက္ကူအတု ၁၄၀ ရွက်၊ငါးထောင်ငွေစက္ကူအတု၁၀ ရွက် ၊ တရွက်ကို ၁သောင်းကျပ်တန် ငွေစက္ကူအတု သုံးရွက်ရိုက်ထားတဲ့ A4 စာရွက်…

Read More

မြန်မာနိုင်ငံကနေ တရားမဝင် သယ်လာတဲ့ ရှားပါးတိရစ္ဆာန် ၄ရာကျော်ကို မီဇိုရမ်း ရဲက ဖမ်းဆီးအရေးယူ

မေ ၊ ၂၅-၂၀၂၂ SP (VOM) မြန်မာနိုင်ငံဘက်ကနေ တရားမဝင်လမ်းကြောင်းအတိုင်း ခိုးဝင်တင်သွင်းလာတဲ့ အန္တရာယ်ရှိ ကမ္ဘာ့ရှားပါး တောရိုင်း တိရစ္ဆာန် ၄၆၈ကောင်ကို မေ ၂၅ ရက် ၊ ဒီကနေ့ မနက်ပိုင်းက မီဇိုရမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ တောရိုင်း တိရစ္ဆာန် အေဂျင်စီအဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ” မြန်မာနိုင်ငံက ခိုးထုတ် တင်သွင်းလာတဲ့ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိ တောရိုင်းတိရစ္ဆာန် မျိုးစိတ်မျိုးစုံကို မီဇိုရမ်ပြည်နယ် Chalbawiha Junction Khankawn ရဲစခန်းက ဖမ်းဆီးလိုက်တာ ” လို့ တီးတိန်မြို့ခံ သစ်တောရေးရာ ဝန်ထမ်းတယောက်က ပြောပါတယ် ။ လိပ် (၄) ကောင်၊ မြွေ (၁၁) ကောင်၊ အိမ်မြှောင် (၄၄၂)၊ Toed Sloth (၄)၊…

Read More

သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ပြန်ချိန်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်သုံးစင်း စမ်းသပ်ပစ်ခတ်

ပြုံးယမ်း၊ မေ-၂၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ မေ ၂၅ ရက်အစောပိုင်းမှာ တိုက်ချင်းပစ်ဒုံးကျည်တစင်းအပါအ၀င် ပဲ့ထ်ိန်းဒုံးကျည်သုံးစင်း ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒုံးကျည်တွေကို ပြုံးယမ်းရှိ ဆူနန်ဒေသမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကို ဟန့်တားဖို့ အစီအမံတွေ တိုးမြှင့်ဆောင်ရွက်မယ်လို့ ကတိပြုခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒေသတွင်းခရီးစဉ်ပြီးလို့ အမေရိကန်ပြန်ချိန်မှာ အခုလို စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အစောပိုင်းမှစပြီး ပဲ့ထိန်းဒုံးကျည်တွေကို ဆက်တိုက်ဆိုသလို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မေ ၂၅ ရက်မှာ မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံကလည်း အတည်ပြုထားပါတယ်။ ပထမဒုံးကျည်ဟာ အမြင့် ၅၅၀ ကီလိုမီတာမှ အကွာအဝေး ကီလိုမီတာ ၃၀၀ ထိပျံသန်းခဲ့ပြီး ဒုတိယဒုံးကျည်မှာ ၅၀ ကီလိုမီတာအမြင့်မှ ၇၅၀ ကီလိုမီတာထိ ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီက ပြောပါတယ်။ အဲဒီလို…

Read More

ဂွမြို့နယ်က ပင်လယ်ကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူတွေရဲ့ အလောင်းတွေတွေ့ ​

မေ ၂၅-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ မနေ့ မေလ ၂၄ ရက်နေ့က နိုင်ငံသားအထောက်အထားမဲ့ အလောင်း ၄ လောင်းတွေ့ရှိပြီး ဒီကနေ့မှာလည်း နောက်ထပ်အတည်မပြုနိုင်သေးတဲ့ အလောင်း ၃ လောင်းလောက် ထပ်တွေ့ထားတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့က VOM ကို အတည်ပြုပြောပါတယ်။ မနေ့ မေလ ၂၄ ရက်နေ့က ဂွမြို့နယ်၊ မကျည်းငူအုပ်စုနဲ့ တောင်ပေါက်ကျေးရွာအုပ်စုဖက်က ပင်လယ်ကမ်းခြေတွေမှာ အဲ့ဒီအလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂွမြို့ဒေသခံ ကိုကျော်မြင့်မောင်က “ ဒီမှာ အခုလောလောဆယ် ဒီဖက်မှာ လာမြုပ်ထားတာကတော့ မနေ့က ၄ လောင်း တွေ့ထားတယ်။ ဒီနေ့မနက်လည်း တွေ့တယ်လို့အသံကြားတယ်။ ဧရာဝတီတိုင်းဖက်မှာလည်း လှေမှောက်တာ အလောင်းတွေ ၁၇၊ ၁၈ လောင်းလောက်တွေ့တယ်လို့ကြားတယ်။ ဒီဖက်မှာတော့ အတိအကျမသိသေးဘူး” လို့ ပြောပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့…

Read More

မျောက်ကျောက်ရောဂါ ကူးစက်တဲ့နိုင်ငံနဲ့ အတည်ပြုလူနာအရေအတွက် မြင့်တက်လာ

အဘူဒါဘီ၊ မေ-၂၅-၂၀၂၂ မျိုးဆက်(VOM) အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးတွေ့ရှိရတဲ့ ပင်လယ်ကွေ့နိုင်ငံဖြစ်လာပါတယ်။ ရောဂါဟာ ယူအေအီးအပြင် ချက်သမ္မတနိုင်ငံနဲ့ စလိုဗေးနီးယားနိုင်ငံတို့မှာလည်း ကူးစက်မှုတွေရှိနေကြောင်း အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လိုက်ပြီး အခြားနိုင်ငံ ၁၈ နိုင်ငံနည်းတူ ကူးစက်မှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။ ရောဂါကူးစက်ခံရတဲ့ နိုင်ငံအရေအတွက် ထပ်မံတိုးလာဖွယ်ရှိပေမယ့်လည်း လူသားတွေအတွက် အလုံးစုံအန္တရာယ်ဖြစ်နိုင်ခြေနည်းပါးနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ရောဂါလက္ခဏာတွေဟာ မကြာခဏ အဖျားတက်ခြင်းနဲ့ အဖုအပိန့်တွေ ထွက်ခြင်းတို့ဖြစ်ပြီး ရောဂါကြောင့် ပြင်းထန်စွာခံစားရခြင်းတော့မရှိပါဘူး။ ပုံမှန်အားဖြင့် အာဖရိကဒေသပြင်ပမှာ တွေ့ရခဲတဲ့ မျောက်ကျောက်ရောက်ဂါကို မှန်ကန်သောတုံ့ပြန်မှုနဲ့ ထိန်းချုပ်ထားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားပါတယ်။ ရောဂါ ကူးစက်မှုအဆင့်နဲ့ဘယ်ဒေသတွေမှာ ကူးစက်နေတယ်ဆိုတာကို စောင့်ကြည့်ခြင်းတွေ တိုးမြှင့်ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါအန္တရာယ် ကြိုတင်ပြင်ဆင်မှု ညွှန်ကြားရေးမှူး ဆေလ်ဗီဘရီယန်က မေ ၂၄ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ…

Read More

တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ ကလေးငယ်အများစုအပါအ၀င် ၂၁ ဦးသေဆုံး

ဝါရှင်တန်၊ မေ-၂၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ မေ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၉ ဦးနဲ့ လူကြီးနှစ်ဦးသေဆုံးသွားပါတယ်။ အသက် ၁၈ နှစ်အရွယ် သေနတ်သမားဟာ ယူဗယ်လ်ဒီမြို့ရှိ ရော့ဘ်မူလတန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ကိုလည်းလုံခြုံရေးတပ်ဖွဲ့၀င်တွေက ပစ်သတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ သံသယရှိသူ သေနတ်သမားဟာ အေအာ-၁၅ ဆီမီးအော်တိုမစ်တစ်ရိုင်ဖယ်တစ်လက်နဲ့ စွမ်းရည်မြင့် ကျည်ကပ်တွေကိုင်ဆောင်ထားကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ အဲဒီ ရမ်းကားပစ်ခတ်မှုအစမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားဟာ သူ့ရဲ့အဖွားဖြစ်သူကို ပစ်သတ်ခဲ့ပြီး သူဟာအဲဒီဒေသက အထက်တန်းကျောင်းသားတစ်ဦး ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ပစ်ခတ်မှုဟာ မေ ၂၄ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၂ မိနစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုကို တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။…

Read More

ဟားခါးမှာ ပြည်နယ်ပညာရေးဦးစီးမှူးနဲ့ ပြည်တွင်းအခွန် ဒု-ဦးစီးမှူး တို့ ၂ ဦး ဖမ်းဆီးခံရ

မေ ၊ ၂၅-၂၀၂၂ SP(VOM) ချင်းပြည်နယ် ၊ ဟာခါးမြို့နယ်မှာ ပြည်နယ်ပညာရေးမှူးရုံး ဦးစီးမှူး ဖြစ်သူနဲ့ ချင်းပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဖြစ်သူ ၂ ဦးတို့ကို မနေ့ မေ ၂၄ ရက် မနက်ပိုင်းက ရုံးချိန်အတွင်းမှာပဲ စစ်သားနဲ့ရဲတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဟားခါးမြို့ခံ ပြည်နယ်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အဖမ်းခံရတဲ့သူ ၂ ယောက်ကတော့ ပြည်နယ်ပညာရေးမှူး ဒေါ်ဝုန်းဟွဲ့နဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော် တို့ဖြစ်တယ် ၊ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး ၊ အခုထိလည်း အဆက်အသွယ်မရဘူး”လို့ ပြည်နယ်အဆင့် ဝန်ထမ်းတယောက်က ပြောပါတယ်။ အခုလို အဖမ်းခံရတာနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတဦးက “သူတို့က နိုင်ငံ့ဝန်ထမ်း လိုက်နာရမယ့်ကျင့်ဝတ်ကို ကျော်လွန်ပြီး အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်သွယ်တဲ့ အထောက်အထားတွေ့ရတယ်…

Read More

မုံရွာမှာ အသတ်ခံရသူများလာလို့ ဈေးမထွက်ရဲသူတွေများလာ

မေ ၊ ၂၅-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ ၊ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အရေအတွက်များလာလို့ စျေးမထွက်ရဲတဲ့ ဈေးသည်အရေအတွက် များပြားလာတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ် ။ မုံရွာမြို့ရဲ့ တခုတည်းသော မီးခွက်စျေးလို့ ပြောလို့ရတဲ့ ကန်သာယာ ပျံကျစျေးဟာ အရင်က မနက်စောစောဆိုရင် စျေးသည်၊စျေးဝယ်တွေနဲ့ အထူးစည်ကားနေပေမယ့် စျေးသည်အမျိုးသမီးတချို့ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း ဈေးမထွက်ရဲတဲ့သူများလာတာဖြစ်တယ်လို့ သိရပါတယ်။ ” အမျိုးသမီးတွေ သေနတ်နဲ့ ပစ်သတ်ခံရတာ ၂ ရက်ဆက်တိုက်ရှိပြီ ၊ သလ္လာအမှတ် ၁ ရပ်က ဒေါ်အေးအေးမာ ပစ်သတ်ခံရတယ် ၊ မနေ့က မနက်အစောပိုင်းက ကန်သာယာစျေးမှာ ဘီးစတင်းစောင့်တဲ့ ထန်းတောရပ်ထဲက အစ်မကြီး ဒေါ်ခင်လှဦး ပစ်သတ်ခံရပြန်တယ် ၊ အဲ့ဒီ ဖြစ်စဥ်တွေ မဖြစ်ခင် ၊ အရင်ကလည်း…

Read More

ဒဂုံဆိပ်ကမ်းမှာ ၁သောင်းတန်နဲ့ ၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းမိ

မေ ၂၅-၂၀၂၂ KK(VOM) ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မနေ့ မေလ ၂၄ရက် ညနေပိုင်းက အမျိုးသားတဦးဆီကနေ ၁သောင်းတန်နဲ့၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဒုဌဝတီလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မနေ့ မေလ ၂၄ရက် ညနေ ၅နာရီခွဲက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆိုက်ကားတစ်စီးကို ရှာဖွေစစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။ “ဆိုက်ကားစီးလာတဲ့ လူသုံးဦးကို စစ်ဆေးတာ နှစ်ဦးက ထွက်ပြေးသွားတယ်၊ တစ်ဦးကို ငွေစက္ကူတွေနဲ့မိတယ်”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိသူဟာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာနေထိုင်တဲ့ မင်းမင်း (ခေါ်) မင်းခန့်ဖြစ်ပြီး သူကိုင်ဆောင်ထားတဲ့ ကြွပ်ကြွပ်အိတ်အတွင်းက ၁သောင်းတန်စက္ကူအတု ၁၈၇ရွက်၊ ၅ထောင်တန်ငွေစက္ကူအတု ၆၃၉ ရွက်သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သူနဲ့နောက်ထပ်ကွင်းဆက်တွေမိဖို့ ရဲတပ်ဖွဲ့ကလိုက်နေပါတယ်၊ သူကိုတော့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်”လို့ သူကပြောပါတယ်။ ရန်ကုန်မှာ မေလအတွင်း ငွေစက္ကူအတုဖမ်းဆီးရမိခဲ့တာဟာ…

Read More
VOM News

FREE
VIEW