ဟားခါးမှာ ပြည်နယ်ပညာရေးဦးစီးမှူးနဲ့ ပြည်တွင်းအခွန် ဒု-ဦးစီးမှူး တို့ ၂ ဦး ဖမ်းဆီးခံရ

မေ ၊ ၂၅-၂၀၂၂
SP(VOM)

ချင်းပြည်နယ် ၊ ဟာခါးမြို့နယ်မှာ ပြည်နယ်ပညာရေးမှူးရုံး ဦးစီးမှူး ဖြစ်သူနဲ့ ချင်းပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဖြစ်သူ ၂ ဦးတို့ကို မနေ့ မေ ၂၄ ရက် မနက်ပိုင်းက ရုံးချိန်အတွင်းမှာပဲ စစ်သားနဲ့ရဲတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဟားခါးမြို့ခံ ပြည်နယ်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” အဖမ်းခံရတဲ့သူ ၂ ယောက်ကတော့ ပြည်နယ်ပညာရေးမှူး ဒေါ်ဝုန်းဟွဲ့နဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော် တို့ဖြစ်တယ် ၊ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး ၊ အခုထိလည်း အဆက်အသွယ်မရဘူး”လို့ ပြည်နယ်အဆင့် ဝန်ထမ်းတယောက်က ပြောပါတယ်။

အခုလို အဖမ်းခံရတာနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတဦးက “သူတို့က နိုင်ငံ့ဝန်ထမ်း လိုက်နာရမယ့်ကျင့်ဝတ်ကို ကျော်လွန်ပြီး အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်သွယ်တဲ့ အထောက်အထားတွေ့ရတယ် ၊ နောက်ပြီး မဟုတ်မမှန်သမားတွေ ဖြန့်ဝေနေတဲ့အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ ဖမ်းဆီးထားတာ “လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီနောက်ပိုင်းကစလို့ ဝန်ထမ်းတချို့ ဖမ်းဆီးစစ်ဆေးခံရတာတွေရှိခဲ့ပေမယ့် မြို့နယ်အဆင့် ၊ ခရိုင်အဆင့် ဝန်ထမ်းတွေသာဖြစ်ကြပြီး ၊ ပြည်နယ်အဆင့် ဝန်ထမ်း ဖမ်းဆီးစစ်ဆေးခံရတာဟာ အခုဖြစ်စဥ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဟားခါး #ပြည်နယ်ပညာရေးဦးစီးမှူး #ပြည်တွင်းအခွန်ဒု-ဦးစီးမှူး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW