တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ ကလေးငယ်အများစုအပါအ၀င် ၂၁ ဦးသေဆုံး

ဝါရှင်တန်၊ မေ-၂၅-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ မေ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၉ ဦးနဲ့ လူကြီးနှစ်ဦးသေဆုံးသွားပါတယ်။

အသက် ၁၈ နှစ်အရွယ် သေနတ်သမားဟာ ယူဗယ်လ်ဒီမြို့ရှိ ရော့ဘ်မူလတန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ကိုလည်းလုံခြုံရေးတပ်ဖွဲ့၀င်တွေက ပစ်သတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

သံသယရှိသူ သေနတ်သမားဟာ အေအာ-၁၅ ဆီမီးအော်တိုမစ်တစ်ရိုင်ဖယ်တစ်လက်နဲ့ စွမ်းရည်မြင့် ကျည်ကပ်တွေကိုင်ဆောင်ထားကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

အဲဒီ ရမ်းကားပစ်ခတ်မှုအစမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားဟာ သူ့ရဲ့အဖွားဖြစ်သူကို ပစ်သတ်ခဲ့ပြီး သူဟာအဲဒီဒေသက အထက်တန်းကျောင်းသားတစ်ဦး ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဟာ မေ ၂၄ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၂ မိနစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုကို တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW