ရန်ကုန်မှာ ငွေစက္ကူအတုတွေ ဆက်တိုက်ဖမ်းဆီးရမိ

မေ၂၅-၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း ငွေစက္ကူအတုတွေ ဆက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးရမိတဲ့မြို့နယ်တွေကတော့ မရမ်းကုန်း၊ဒဂုံဆိပ်ကမ်း၊ရွှေပြည်သာမြို့နယ်တို့ဖြစ်ပြီး မေလ ၅ ရက်ကနေ မေလ ၂၅ ရက်အတွင်း လေးကြိမ်တိုင်ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တည်းခိုခန်းတစ်ခုမှာ ငွေအတုပြုလုပ်သူအမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက် စက်မှုဒေသလမ်းမှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ အမျိုးသား ၄ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။

“ကျနော်ထင်တာ ဒဂုံဆိပ်ကမ်းက ကွင်းဆက်တွေဖြစ်မယ်၊ သတင်းရလို့ ဝင်ဖမ်းတာလို့ကြားတယ်”လို့ ပြောပါတယ်။

တည်းခိုခန်းမှာ အမည်မသိအမျိုးသား၄ဦးရောက်ရှိနေတယ်လို့ သတင်းအရ အခန်းနှစ်ခန်းကို ဝင်ရောက်ရှာဖွေရာကနေ ၁ သောင်းတန်ငွေစက္ကူအတု ၁၄၀ ရွက်၊ငါးထောင်ငွေစက္ကူအတု၁၀ ရွက် ၊ တရွက်ကို ၁သောင်းကျပ်တန် ငွေစက္ကူအတု သုံးရွက်ရိုက်ထားတဲ့ A4 စာရွက် ၈၀၊တစ်ရွက်လျှင် ကျပ်တစ်ထောင်တန်သုံးရွက်ရိုက်ထားသည့် A4 စာရွက် ၅၂ ရွက်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ငွေစက္ကူအတုတွေ နဲ့ဖမ်းဆီးရမိသူ ခန့်ဇော်၊ သန့်ဇင်လင်း၊ရဲရင့် နဲ့ စိုးမိုးကျော်တို့ကို လက်တလောမှာ ရဲတပ်ဖွဲ့ ကစစ်ဆေးနေတယ်လို့ သူကပြောပါတယ်။

မနေ့ မေလ ၂၄ရကါ ညနေပိုင်းကလည်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဒုဌဝတီလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ အမည်မသိအမျိုးသားတဦးကို ၁သောင်းတန်စက္ကူအတု ၁၈၇ရွက်၊ ၅ထောင်တန်ငွေစက္ကူအတု ၆၃၉ ရွက်သိမ်းဆည်းရမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်မှာ မေလ ၆ ရက်က Wave Money ဆိုင်ကို ငွေကျပ်တစ်သောင်းတန်အတုအရွက် ၃၀နဲ့ ငွေလာဖြည့်တဲ့ ကိုနိူင်ထက်ဦး ဆိုသူကို ဖမ်းဆီးရမိခဲ့တာလည်း ရှိပါတယ်။

အလားတူ မေလ ၅ ရက်က မရမ်းကုန်းမြို့နယ်၊ ၂ရပ်ကွက်၊ ဗဟိုလမ်းက ဆေးဆိုင်တဆိုင်မှာ wave money ကို ၅ထောင်ငွေစက္ကူအတု ၁၀၂ ရွက်နဲ့ ငွေလာလွဲတဲ့ ထွန်းနိူင်ဆွေ ဆိုသူကို ဖမ်းဆီးရမိတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

၂၀၂၁ ဇန်နဝါရီလ ၆ ရက်ကနေ ၂၀၂၂ မတ်လအတွ
င်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၅ ခု မှာ ငွေစက္ကူအတု ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိပြီး ၁သောင်းတန်ငွေစက္ကူအတု ၅၀၇၉ ရွက်နဲ့ ၅ထောင်တန် ငွေစက္ကူအတု ၉၁၉၂ ရွက် သိမ်းဆည်းရမိခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ငွေစက္ကူအတု #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW