မျောက်ကျောက်ရောဂါ ကူးစက်တဲ့နိုင်ငံနဲ့ အတည်ပြုလူနာအရေအတွက် မြင့်တက်လာ

အဘူဒါဘီ၊ မေ-၂၅-၂၀၂၂
မျိုးဆက်(VOM)

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးတွေ့ရှိရတဲ့ ပင်လယ်ကွေ့နိုင်ငံဖြစ်လာပါတယ်။

ရောဂါဟာ ယူအေအီးအပြင် ချက်သမ္မတနိုင်ငံနဲ့ စလိုဗေးနီးယားနိုင်ငံတို့မှာလည်း ကူးစက်မှုတွေရှိနေကြောင်း အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လိုက်ပြီး အခြားနိုင်ငံ ၁၈ နိုင်ငံနည်းတူ ကူးစက်မှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။

ရောဂါကူးစက်ခံရတဲ့ နိုင်ငံအရေအတွက် ထပ်မံတိုးလာဖွယ်ရှိပေမယ့်လည်း လူသားတွေအတွက် အလုံးစုံအန္တရာယ်ဖြစ်နိုင်ခြေနည်းပါးနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရောဂါလက္ခဏာတွေဟာ မကြာခဏ အဖျားတက်ခြင်းနဲ့ အဖုအပိန့်တွေ ထွက်ခြင်းတို့ဖြစ်ပြီး ရောဂါကြောင့် ပြင်းထန်စွာခံစားရခြင်းတော့မရှိပါဘူး။

ပုံမှန်အားဖြင့် အာဖရိကဒေသပြင်ပမှာ တွေ့ရခဲတဲ့ မျောက်ကျောက်ရောက်ဂါကို မှန်ကန်သောတုံ့ပြန်မှုနဲ့ ထိန်းချုပ်ထားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားပါတယ်။

ရောဂါ ကူးစက်မှုအဆင့်နဲ့ဘယ်ဒေသတွေမှာ ကူးစက်နေတယ်ဆိုတာကို စောင့်ကြည့်ခြင်းတွေ တိုးမြှင့်ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါအန္တရာယ် ကြိုတင်ပြင်ဆင်မှု ညွှန်ကြားရေးမှူး ဆေလ်ဗီဘရီယန်က မေ ၂၄ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းပြောဆိုပါတယ်။

လက်ရှိမှာ အာဖရိကဒေသပြင်ပမှာ မျောက်ကျောက်ရောဂါကူးစက်မှု အတည်ပြုလူနာနဲ့ သံသယလူနာ ၂၃၇ ဦးရှိနေပြီး ကမ္ဘာတစ်၀န်းရှိ ကျန်းမာရေးအာဏာပိုင်တွေက ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကို ကြေညာထားပါတယ်။

Ref: BBC
Photo:Hindustan Times
#voiceofmyanmar #VOM #အဘူဒါဘီ

Related posts

Leave a Comment

VOM News

FREE
VIEW