ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု ဖြစ်ပွားလာနိုင်ကြောင်း သတိပေး

၀ါရှင်တန်၊ မေ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကြောင့် အစားအသောက်၊ စွမ်းအင်နဲ့ ဓါတ်မြေသြဇာစျေးနှုန်းတွေကြီးမြင့်လာနေတာကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖြစ်ပွားလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။

ဒီလို စီးပွားရေးကျဆင်းမှုကို ဘယ်လိုရှောင်လွှဲရမယ်ဆိုတာကို သိဖို့ခက်ခဲကြောင်း ကမ္ဘာ့ဘဏ် အကြီးအကဲဖြစ်သူ ဒေးဗစ်မယ်လ်ပက်စ်က မေ ၂၅ ရက်ကပြုလုပ်တဲ့ အမေရိကန်စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်မှာ ပြောပါတယ်။

စွမ်းအင်စျေးနှုန်းနှစ်ဆတိုးလာခြင်းက ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖြစ်ပေါ်စေအတွက် လုံလောက်တဲ့ တွန်းအားပေးမှုဖြစ်စေတယ်လို့ သူကပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၃ ဒသမ ၂ ရာခိုင်နှုန်းထိ ပြီးခဲ့တဲ့လက လျှော့ချခန့်မှန်းခဲ့ပါတယ်။

ရုရှားရဲ့ စွမ်းအင်အပေါ်မှီိခိုအားထားမှုကို လျှော့ချဖို့အစီအစဉ်တွေကို အနောက်နိုင်ငံတွေက တွန်းအားပေးနေပေမယ့်လည်း ဥရောပနိုင်ငံအများအပြားဟာ ရေနံနှင့်သဘာ၀ဓါတ်ငွေ့အတွက် ရုရှားအပေါ် အလွန်အမင်းမှီခိုနေရဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အကြီးအကဲက ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ အစားအသောက်၊ စွမ်းအင်နဲ့ ဓါတ်မြေသြဇာပြတ်လပ်မှုဒဏ်ကို ခံစားနေရကြောင်း ကမ္ဘာ့ဘဏ်အကြီးအကဲ ဒေးဗစ်မယ်လ်ပက်စ်က သတိပေးပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW