တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်မယ်

မေ ၂၈-၂၀၂၂
VOM (GG)

ပြီးခဲ့တဲ့ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် က ဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။

ဆယ်တန်းအောင် စာရင်းတွေကို သက်ဆိုင်ရာကျောင်းတွေမှာ ကြေညာထားမယ့်အပြင် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့
https://www.myanmarexam.org/index.html မှာဝင်ရောက်ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

” ရှေ့လ ၁၂ ရက်နေ့ မှာအောင်စာရင်းတွေထုတ်ပြန်ပေးမယ်လို့သိရတယ်။ အောင်ချက်ကောင်းတယ်လို့တော့ကြားနေရတယ်ဆိုပေမယ့် တကယ့်စာရင်းထွက်လာမှပဲ သေချာသိရမှာပါ။ မနှစ်ကတော့ကျောင်းတက်သူက ရာနူန်းပြည့်တော့မရှိခဲ့ဘူး ” လို့ အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။

၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ
စာမေးပွဲလာရောက်ဖြေဆိုဖို့ စာရင်းပေးတာက ၃၁၂၄၂၄ ဦးရှိပြီး အမှန်တကယ်လာရောက် ဖြေဆိုခဲ့တဲ့ကျောင်းသားကျောင်းသူ ဦးရေက ၂၈၁၇၄၁ ဦးရှိသာရှိခဲ့တယ်လို့ သိရပါတယ် ။

စာမေးပွဲ ပထမရက်ဖြစ်တဲ့ မြန်မာဘာသာဖေဆိုသူ ၂၈၁၇၄၁ ဦး၊ အင်္ဂလိပ်ဘာသာဖေဆိုသူ ၂၈၁၃၉၇ ဦး၊ သင်္ချာဖြေဆိုသူ ၂၈၁၂၄၉ ဦး ၊ ဓာတုဗေဒဖြေဆိုသူ ၂၂၇၇၄၆ ဦး၊ ရူပဗေဒဖြေဆိုသူ ၂၂၇၆၈၂ ဦး၊ ဇီဝဗေဒ ဖြေဆိုသူ ၆၉၅၈၅ ဦး၊ ဘောဂဒေဗဖြေဆိုသူ ၂ဝ၉၃၉၃ ဦး၊ ပထဝီဖြေဆိုသူ ၅၄၇၄၃ ဦး နဲ့သမိုင်းဖြေဖဆိုသူ ၅၃၇၃၈ ဦးရှိပြီး စိတ်ကြိုက်မြန်မာစာဖြေဆိုသူက ၃ ဦးရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပခဲ့တာပဲဖြစ်ပြီး နိုင်ငံခြားစာစစ်ဌာန ၂ဝ ၊ ပြည် တွင်းစာစစ်ဌာန ၁၂၃၈ ခု စုစုပေါင်း ၁၂၅၈ ခုနဲ့ ဖွင့်လှစ်ဖြေဆိုစေခဲ့တာပါ။

ဖြေဆိုသူရာခိုင်နူန်း ၉၀.၁၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #တက္ကသိုလ်ဝင်တန်းအောင်စာရင်း #ပညာရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW