အာဆီယံအထူးသံတမန် မြန်မာနိုင်ငံကို ဇွန်လအတွင်း ဒုတိယအကြိမ် လာရောက်မယ်

ဖနွမ်းပင်၊ မေ ၂၈-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ လာမယ့် ဇွန်လမှာ မြန်မာနိုင်ငံကို ဒုတိယမြောက် ခရီးစဥ်အဖြစ် လာရောက်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ ရလဒ် တေွထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း မေလ ၂၇ ရက်မှာ Prak Sokhonn ကပြောပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဥ် အတွက် အချိန်ဇယားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် သွားရောက်တင်ပြချိန်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ မြန်မာ့အရေး ရှုပ်ထွေးမှုကို အပြည့်အဝ အသိအမှတ်ပြုပြီး ဒီနှစ် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ အစွမ်းကုန် ကြိုးပမ်းနေပြီး မိမိတို့ရဲ့ ပံ့ပိုးကူညီမှုက မြန်မာနိုင်ငံ အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေး ရရှိရေး အတွက် အနာဂတ် ကြိုးပမ်းအားထုတ်မှုတွေမှာ အခြေခံကောင်းတွေဖြစ်ဖို့ မျှော်လင့်ကြောင်း Prak Sokhonn ကသူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“အကြမ်းဖက်မှုရပ်စဲရေး၊ အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှု၊ Covid-19 ကာကွယ်ဆေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးနဲ့ အကောင်းမြင်ဝါဒ” နဲ့လာမယ့်လ မြန်မာနိုင်ငံသို့ လာရောက်မယ့် ခရီးစဉ်ကို ချဉ်းကပ်မယ်လို့ သူကဆိုပါတယ်။

ယခုသီတင်းပတ်အစောပိုင်းမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer ဟာ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ၂၀၂၂ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Ref:Phnom Penh Post
Photo:Phnom Penh Post

#voiceofmyanmar #VOM #မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန် #မြန်မာ့အရေး

Related posts

Leave a Comment

VOM News

FREE
VIEW