နီပေါနိုင်ငံမှာ လူ၂၂ဦး လိုက်ပါသွားတဲ့ လေယာဉ်တစင်း ပျောက်ဆုံး

ခတ္တမန္ဒူ၊မေ-၂၉-၂၀၂၂
မျိုးဆက်(VOM)

နီပေါနိုင်ငံ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှာ ပြေးဆွဲနေတဲ့ လေယာဉ်တစ်စင်းဟာ မေ၂၉ရက်မှာ လိုက်ပါသွားသူ၂၂ဉီးနဲ့ အတူပျောက်ဆုံးသွားခဲ့တယ်လို့ လေကြောင်းလိုင်းနဲ့ အစိုးရတာဝန်ရှိသူတွေက ရိုက်တာသတင်းဋ္ဌာနကို ပြောကြားခဲ့ပါတယ်။

အဲဒီလေယာဉ်ငယ်ဟာ မြို့တော်ခတ္တမန္ဒူရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ၂၀၀ခန့်ရှိ ခရီးသွားမြို့ Pokhara မှ အနောက်မြောက်ဘက် ကီလိုမီတာ၈၀ခန့်ရှိ Jomsomကို ပျံသန်းခဲ့တယ်လို့ သူတို့ကပြောပါတယ်။လေယာဉ်ကို ကနေဒါနိုင်ငံထုတ် Twim Otter ဖြင့်အဓိကပျံသန်းပြီး Tara Airမှ ပိုင်ဆိုင်ပါတယ်။

လိုက်ပါသွားသူ၂၂ဉီးထဲမှာ အိန္ဒိယနိုင်ငံသားလေးဦးနဲ့ အခြားနိုင်ငံခြားသားနှစ်ဦးတို့ ပါဝင်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကမ္ဘာအမြင့်ဆုံး ဧဝရက်တောင်တည်ရှိရာ နီပေါနိုင်ငံမှာ ကျယ်ပြန့်သော ပြည်တွင်းလေကြောင်း ကွန်ရက်များတည်ရှိပြီး ရာသီဥတုပြောင်းလဲမှုနဲ့ တောင်ထူထပ်သောဒေသတွေမှာ တည်ဆောက်ထားတာမို့ မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

Ref:REUTERS
Photo:REUTERS

#voiceofmyanmar #VOM #နီပေါမှာလေယာဉ်ပျောက် #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW