ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီ၊ကြက်သွန်နီတွေ ပြည်ပကို တင်ပို့ရောင်းချမယ်ဆိုရင် ပို့ကုန်လိုင်စင် လျှောက်ပြီးမှ ပို့ခွင့်ပြုမယ်

မေ ၂၉
VOM (GG)

ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီအမျိုး ၊ကြက်သွန်နီ တွေကို တင်ပို့မယ်ဆိုရင် သြဂုတ်လ ၁ ရက်နေ့ကစပြီး ပို့ကုန်လိုင်စင် လျှောက်ထားရမယ် လို့ စီးပွားရေး နှင့်ကူးသန်းရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါ တယ်။

ပို့ကုန်လိုင်စင် ပြန်လည်လျှောက်ထားရမယ့် ကုန်စည်တွေကတော့ ပဲမျိုးစုံ နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိ တ်၊မြေပဲ ၊နှမ်းပဲပုတ်စေ့၊ နေကြာစေ့ ၊ မုန်ညင်း စေ့နဲ့ ဆီထွက်သီးနှံ အစေ့အဆံတွေ၊ဆီအမျိုးမျိုး ၊ သံလွင်ဆီ ဆီအုန်း၊မြေပဲဆီ၊ နှမ်းဆီနေကြာဆီ၊ မုန်ညင်းဆီနဲ့ ဟင်းသီးဟင်း ရွက်အဆီတွေ ဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့်ပို့ကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်ထဲက ဘယ်ကုန်စည်ကိုမဆို ပြည်ပကို ပင်လယ်ရေကြောင်း၊ လေကြောင်းဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကဖြစ်စေ တင်ပို့မယ်ဆိုရင် ဩဂုတ်လ ၁ ရက်နေ့ကစပြီး လုပ်ထုံးလုပ်နည်း နဲ့အညီ ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ဆိုပါတယ်။

” ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ်ထုတ်ပေးပြီးသား၊ပို့ချင်ရင် တင်ပို့ခွင့်လိုင်စင်လျှောက်ရုံပဲ။ အရင်ကလည်းလျှောက်ရပါတယ်။ ခုကတော့ကုန်စည်တွေထပ်တိုးတာရှိမယ်။ ကိုယ့်နိုင်ငံကပို့တဲ့ကုန်စည်တွေဒေတာအတိကျသိဖို့၊ အရည်အသွေးပိုင်းပိုစိတ်ချရတာကိုပြနိုင်ဖို့လည်းပါတယ်။ ခုလည်း သြဂုတ်လ ၁ ရက်အထိအချိန်ပေးထားပါတယ်။ ” လို့စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ် ။

နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေး ရည်ရွယ်ချက်နဲ့ ပို့ကုန်လိုင်စင် လျှောက်ထားဖို့လိုအပ်တဲ့ ကုန်စည်လိုင်းတွေအဖြစ် 2017 Customs Tariff of Myanmar အရ သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ချုပ်ဆိုထားတဲ့စာချုပ်တွေအရလည်း ပြည်ပကိုကုန်စည်တွေ တင်ပို့ရာမှာ စနစ်တကျတင်ပို့နိုင်ဖို့ ၊ နိုင်ငံတကာစားသုံးဆီရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်း ဈေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေဖေို့အပါအဝင် ပြည်တွင်းစားသုံးဆီဖူလုံစေဖို့ အတွက် ဆီထွက် သီးနှံတွေနဲ့ စားဆီတင်ပို့မှုကို ထိမ်းညှိနိုင်ဖို့ ခုလို သတ်မှတ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။

အာလူး၊ ခရမ်းချဉ်သီးအပါအဝင် ဟင်းသီး ဟင်းရွက်တွေ၊အုန်းဆီ၊ နှမ်းဖတ်၊ ဖရုံစေ့နဲ့ ဆီကြိတ်ဖတ်တွေ ၊တိရစ္ဆာန်ထွက် ဆီဖယောင်းတွေကတော့လိုင်စင်လျှောက်ထားဖို့မလိုဘူး လို့သိရပါတယ်။

#voiceofmyanmar #VOM #ပဲမျိုးစုံ #ဆီထွက်သီးနှံ #ပို့ကုန်လိုင်စင် #စီးပွားရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW