ယူကရိန်းသမ္မတနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မပူတင်ကို ပြင်သစ်နဲ့ဂျာမနီခေါင်းဆောင်တွေ တိုက်တွန်း

မော်စကို၊မေ-၂၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းသမ္မတနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတပူတင်ကို ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေ တိုက်တွန်းခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုတို့ဟာ ရုရှားသမ္မတပူတင်နဲ့ မိနစ်၈၀ကြာဖုန်း ပြောခဲ့ပါတယ်။

သူတို့နှစ်ဉီးဟာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ရုရှားတပ်တွေ ရုပ်သိမ်းပေးရေးကို အခိုင်အမာတိုက်တွန်းခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ရုရှားသမ္မတဟာ မော်စကိုနဲ့ ကိယက်ဗ်တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ဖို့ လမ်းဖွင့်ထားကြောင်း ရုရှားသမ္မတအိမ်တော်ရဲ့ ပြောကြားချက်အရသိရပါတယ်။

ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မဇီလန်ဇကီးတို့ကြား တိုက်ရိုက်ဆွေးနွေးနိုင်ခြေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ယူကရိန်းသမ္မတဟာ ဆွေးနွေးပွဲတွေအတွက် စိတ်အားထက်သန်ခြင်းမရှိကြောင်း အစောပိုင်းကတည်းကပြောကြားခဲ့ပေမဲ့လည်း ပဋိပက္ခတွေကိုအဆုံးသတ်ဖို့ လိုအပ်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာ ဖေဖော်ဝါရီ၂၄ရက် ရုရှားကျူးကျော်လာချိန်မှစ၍ အွန်လိုင်းကရော လူကိုယ်တိုင်ရော အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့လည်း နောက်ပိုင်းမှာတော့ ရပ်တန့်သွားပြီဖြစ်ပါတယ်။

Ref:BBC
Photo:GETTY IMAGES
#voiceofmyanmar #VOM #ရုရှား #ယူကရိန်း #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW