ရေကြည်မြို့နယ်မှာ နိုင်ငံသားအထောက်ထားမဲ့သူ တရာကျော်ဖမ်းဆီးခံရ

ရန်ကုန်၊မေ ၂၉၊၂၀၂၂
KK(VOM)

ရေကြည်မြို့နယ်က ရေနံ့သာပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့ မေလ ၂၇ရက် ညနေပိုင်းကနိုင်ငံသားအထောက်ထားမဲ့သူ တရာကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုင်ငံသားအထောက်ထားမဲ့သူတရာကျော်ဟာ ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ ရန်ကုန်မြို့ကို အခကြေးငွေနဲ့ ယာဥ်မောင်းသုံးဦးက လိုက်ပို့ခဲ့တာမှာ ရေကြည်မြို့နယ် ရေနံ့သာ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

“ကားထဲမှာ ထိုင်ပြီးလိုက်လာတာ အများကြီးကလေးတွေရော လူကြီးတွေရော အကုန်မိတာ”လို့ ပြောပါတယ်။

အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးပြောတာက

“သတင်းကမှန်ပါတယ် မနေ့ကမဟုတ်ဘူး ၂၇ ရက်နေ့ ညနေ ကားသုံးစီးက မိတာ”လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ ကျား ၅၇ ဦး မ ၄၂ ဦး ကျားကလေး ၁ ဦး မ ကလေး ၄ ဦး စုစုပေါင်း ၁၀၄ဦးတို့ဖြစ်တယ်လို့ သူကရှင်းပြပါ
တယ်။

ဖမ်းမိသူတွေကို အခကြေးငွေယူ ပို့ဆောင်ပေးသူ ကိုကျော်စိုးဝင်း၊ ကိုဇော်ဇော်နိုင်၊ ကိုထွန်းထွန်းဝင်း၊ ကိုပြည့်ဖြိုးဝင်းနဲ့ကိုချမ်းမြေ့ဦး(ခ)ဖိုးချမ်း တို့ငါးဦးအား ကုန်းပြင်နယ်မြေရဲစခန်းမှာ (ပ) ၂၁/၂၂ ပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံသားအထောက်ထားမဲ့သူတွေဖမ်းခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW