အသံထက် ကိုးဆမြန်တဲ့ Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်ကို ယခုနှစ်မကုန်ခင် ရုရှားဖြန့်ကြက်တော့မယ်

မော်စကို၊ ဇွန်-၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည် စမ်းသပ်မှုတွေ အပြီးသတ်စမ်းသပ်အောင်မြင်သွားပြီး ယခုနှစ်မကုန်မီ မြောက်ပိုင်းရေတပ်အုပ်စုမှာ တပ်ဆင်ဖြန့်ကြက်သွားမယ်လို့ ရုရှားစစ်ဘက် ထိပ်တန်းတာ၀န်ရှိသူတဦးက ဇွန် ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Admiral Golovko ဖရီးဂိတ်စစ်သင်္ဘောဟာ Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်တပ်ဆင်အသုံးပြုမယ့် ပထမဆုံးစစ်သင်္ဘောဖြစ်လာမယ်လို့ မြောက်ပိုင်းရေတပ်အုပ်စုရဲ့ တပ်မှူး Alexander Moiseyev ကပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ Zircon ဟာ အသံထက် ကိုးဆမြန်တဲ့ ပြိုင်ဘက်ကင်း လက်နက်မျိုးဆက်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲသုံးလကြာမြင့်ချိန်ထိ စစ်ပွဲအတွင်းဆုံးရှုံးမှုတွေများစွာရှိနေပေမယ့် သူ့ရဲ့ နောက်ဆုံးပေါ် ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက စမ်းသပ်ခဲ့တာဖြစ်ပြီး ၆၂၅ မိုင်အကွာမှာရှိတဲ့ ပစ်မှတ်ကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း ရုရှားက ထုတ်ပြန်ထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW