ကမ္ဘာ့နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါကူးစက်မှု တပတ်အတွင်း သုံးဆမြင့်တက်လာ

ဂျီနီဗာ၊ ဇွန်-၆-၂၀၂၂
မျိုးဆက်(VOM)

မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့ရှိတဲ့ အာဖရိကဒေသပြင်ပနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၇၈၀ ထိရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အတည်ပြုခဲ့တဲ့ လူနာ ၂၅၇ ဦးထက် သုံးဆထိ မြင့်တက်လာတာဖြစ်ပါတယ်။

ရောဂါကူးစက်မှုကြောင့် ရောဂါလက္ခဏာဖြစ်ပွားမှုဟာ မပြင်းထန်ပေမယ့်လည်း ဗဟိုနဲ့ အနောက်အာဖရိကပြင်ပနိုင်ငံတွေမှာ ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတာလည်း ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် ကူးစက်မှုမရှိသေးပေမယ့်လည်း မျောက်ကျောက်ရောဂါ ကူးစက်နေတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံထိရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရောဂါကူးစက်မှု အများစုဟာ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေမှာဖြစ်ပြီး မက္ကဆီကို၊ အာဂျင်တီးနား၊ မော်ရိုကိုနဲ့ ယူအေအီးနိုင်ငံတို့မှာလည်း ကူးစက်မှုအနည်းငယ်ရှိနေပါတယ်။

ဗြိတိန်မှာ ကူးစက်ခံရသူ ၂၀၇ ဦး၊ စပိန်မှာ ၁၅၆ ဦးနဲ့ပေါ်တူဂီမှာ ၁၃၈ ဦးထိရှိနေပြီး အခြားနိုင်ငံတွမှာလည်း ကူးစက်မှုတွေရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

Ref: BBC
Photo: Shutterstock
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW