ပညာသင်ယူခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးပါ

Ivy ကိုဗစ်နဲ့ နိုင်ငံရေး အခြေအနေတွေကြားမှာ ကျောင်းတက်ဖို့ နှောင့်နှေးခဲ့ရတဲ့ ကျောင်းနေအရွယ် ကလေးသူငယ်တွေ မြန်မာနိုင်ငံတဝှမ်းမှာ အများကြီးရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လမှာ ကိုဗစ် 19 ရောဂါ ဖြစ်ပွားခဲ့ပြီး ကျောင်းတွေပြန်ဖွင့်ခဲ့ပေမယ့် ရောဂါကူးစက်မှု များပြားလာတဲ့အခါ ပြန်ပိတ်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် ပညာသင်နှစ်မှာတော့ နိုင်ငံရေး အခြေအနေတွေကြောင့် ကျောင်းတွေ ဖွင့်လှစ်ခဲ့ပေမယ့် တက်ရောက်သူ နည်းပါးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာတော့ နိုင်ငံတဝှမ်း အခြေခံပညာကျောင်းအပ်နှံသူ ၅၂ သိန်းကျော် အထိ ရှိခဲ့တယ် လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သလို ကျောင်းတက်သူတွေလည်း အရင်နှစ်တွေထက် ပိုမိုများပြားလာပါတယ်။ တကယ်တော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကလေးသူငယ်တွေရဲ့ ပညာသင်ယူခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။ တစ်ဖက်က…

Read More

အာဠဝီ စီလမ်းပေါ်က မို(လ)တရီစန္ဒယားသံ

ဆူးငှက် မန္တလေးက ၂၂စီလမ်းသည် ပဒေသရာဇ်ရှင်ဘုရင် လက်ထက်ကလည်း ခေါ်ကြ၏။ အာဠဝီတံခါးခေါ် ကြေးမုံတံခါးသည်ပင် ‘ဂဗ္ဗေ’ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် အဆိုပါ တံခါးမှ ဝင်ထွက်သွားလာ မကြာမကြာ ကြုံတွေ့ရသောသူများသည် မရဏဿတိ ကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြ ကြည့်ရှုကြကုန်လောဟု သတိပေးသော အထိမ်းအမှတ်ဖြင့် ‘ကြေးမုံ’တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။ နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တောင်ဘက် ကပ်လျက်တွင်မူ သင်္ချိုင်းတော်များ ရှိပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမသင်္ဂါယနာတော်တင် မင်းတုန်းမင်းတရားကြီး၊ ရွှေဘိုမင်းတရား၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး၊ သီပေါမင်း၏ မယ်တော်လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီးမျာရှိသည်။ ထို့ပြင် မြောက်ဥယျာဉ်တော် ရွှေပြည် ဥယျာဉ်ကွက်အတွင်းတွင် တောင်နန်းမတော် မိဖုရားခေါင်ကြီး သင်္ချိုင်းတော် ရှိသလို၊ သစ်တပ် အနောက်မြောက်ထောင့်တွင်လည်းမြောက်နန်းမတော် မိဖုရားသင်္ချိုင်းတော် တစ်ခုရှိသည်။ ကျန်ရှိသည့် မင်းညီမင်းသား၊…

Read More

Food Panda က အစားအသောက်ပို့ဆောင်သူ(Rider)သူတွေဟာ ကုမ္ပဏီကို သပိတ်မှောက်တာနဲ့ပတ်သက်ပြီး foodpandaကုမ္ပဏီက ပြန်လည်ပြောဆိုချက်

ဇွန် ၆-၂၀၂၂ Voice Of Myanmar Food Panda က အစားအသောက်ပို့ဆောင်သူ(Rider)သူတွေဟာ ကုမ္ပဏီကို သပိတ်မှောက်တာနဲ့ပတ်သက်ပြီး foodpandaကုမ္ပဏီက အခုလို ပြန်လည်ပြောဆိုထားတာကို တွေ့ရပါတယ်။ Food Panda ကုမ္ပဏီရဲ့ ပြန်လည်ပြောဆိုချက် —————————————————— ယနေ့ ညနေအချိန်ထိ ကျွန်ုပ်တို့၏ rider အများစုမှာ ၎င်းတို့၏ ပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အော်ဒါပို့ဆောင်ရာတွင် ကြန့်ကြာမှုအချို့ရှိသော်လည်း foodpanda ၏ဝန်ဆောင်မှုသည် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ rider များအား ၎င်းတို့၏ ဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီ ဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံဝန်ဆောင်မှုတစ်ခုကို ပေးစွမ်းလျက်ရှိသည့်အလျောက် rider များ၏ ဘေးကင်းလုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အလွန်အရေးပါသည်။ foodpanda တွင်အလုပ်ချိန်ယူ၍ လုပ်ကိုင်နေသော panda rider များအား ထိခိုက်စေမှု၊ ထိပါး…

Read More

နန်းတော်ရှေ့ဆရာတင်ရဲ့သားဖြစ်သူ ဝါရင့်ဇာတ်သဘင်ပညာရှင်ကြီး ဘဘစည်သူရွှေနန်းတင် ကွယ်လွန်

ဇွန် ၆-၂၀၂၂ GG+KK(VOM) ဂန္တဝင်ဂီတပညာရှင်ကြီး နန်းတော်ရှေ့ဆရာတင် ရဲ့သားဖြစ်သူ ဝါရင့်ဇာတ်သဘင်ပညာရှင်ကြီး ဘဘ စည်သူ ရွှေနန်းတင်ဟာ ဒီနေ့ ဇွန်လ ၆ ရက် နေ့လယ်ပိုင်းကပဲ ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ ” နေ့လယ် ၁ နာရီ ၃၅ မိနစ် မှာဖေဖေဆုံးပြီ “လို့ သမီးဖြစ်သူနန်းခင်မွှေးကပြောဆိုထားပါတယ်။ ဘဘ စည်သူ ရွှေနန်းတင်ဟာ ဒီကနေ့ ဇွန်လ ၆ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်က မန္တလေးကနေအိမ်မှာပဲ ၉၆ ပါးရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘဘရွှေနန်းတင်ကို ၁၂၈၇ ပြာသိုလဆန်း ၁ ရက်နေ့မှာ နန်းတော်ရှေ့ဆရာတင်နဲ့ ဇာတ်မင်းသမီးကြီး ပေါ်လင်တင်တို့က ရန်ကုန်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူနန်းတော်ရှေ့ဆရာတင်နဲ့ ဇာတ်ကရင်း ဇာတ်သဘင်လောကကိုရောက်ရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။ ရွှေနန်းတင် ဇာတ်အဖွဲ့ကို ၁၉၅၀ ပြည့်နှစ်မှာ တည်ထောင်ပြီး…

Read More

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဒုံးကျည်ရှစ်စင်းပစ်ခတ်ပြီး မြောက်ကိုရီးယားကို သတိပေး

ဆိုးလ်၊ ဇွန်-၆-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ မနေ့က ပဲ့ထိန်းဒုံးကျည်တွေ ဆက်တိုက်ပစ်ခတ်စမ်းသပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဒုံးကျည်ရှစ်စင်း ပစ်ခတ်ပြီး သတိပေးလိုက်ပါတယ်။ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ဒုံးကျည်အများအပြား ပစ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မြေပြင်ကနေပစ်ခတ်နိုင်တဲ့ (ATACMS) ဒုံးကျည်ရှစ်စင်းကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ယခုနှစ်အစောပိုင်းကစပြီး ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက်ပြုလုပ်နေချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အခုလိုပစ်ခတ်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားအစိုးရအနေနဲ့ အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယောင်ဆက်ယိုက ထုတ်ဖော်ပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေဟာ ကိုရီးယားကျွန်းဆွယ်ကိုသာမက အရှေ့မြောက်အာရှနဲ့ ကမ္ဘာကိုပါ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ သူကဆိုပါတယ်။ မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်လေ့ရှိပြီး ဒီအပေါ်မှာ မြောက်ကိုရီးယားက အမြဲလိုလို အမျက်ဒေါသထွက် တုံ့ပြန်လေ့ရှိပါတယ်။ Ref: BBC Photo:NK News…

Read More

မုံရွာမြို့ပေါ်မှာ နေ့ခင်းကြောင်တောင် သိန်းတထောင်ကျော် အနုကြမ်းစီးခံရ

ဇွန် ၊၆-၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၃ လမ်းမှာရှိတဲ့ လူနေအိမ်တလုံးမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က အနုကြမ်းစီးခံရပြီး ငွေကျပ် သိန်း ၁ ထောင်ကျော် ပါသွားတယ်လို့ ရတနာပုံရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” မနက်အစောပိုင်း ၈ ခွဲ ၉ ဝန်းကျင်မှာဖြစ်တာပါ ၊ အသက် ၇၀ နီးပါး အဘွားကြီးနဲ့ အသက် ၂ နှစ်အရွယ် မြေအဘွား ၂ ယောက်ထဲရှိတဲ့အချိန် အနုကြမ်းဝင်စီးသွားတာ “လို့ အနီးဝန်းကျင်ရှိ လူတွေကပြောပါတယ်။ အဲ့ဒီ အနုကြမ်းစီးတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ” ရတနာပုံ ၃ လမ်း ဒေါ်ခင်ဌေးရဲ့ နေအိမ်မှာ ဖြစ်တာပါ ၊ ပိုက်ဆံ…

Read More

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၆၀ နီးပါးကို ထိုင်းကကျွန်းပေါ်မှာ လူကုန်ကူးသူတွေ စွန့်ပစ်ခဲ့

ဘန်ကောက်၊ ဇွန်-၆-၂၀၂၂ မျိုးဆက်(VOM) မလေးရှာနိုင်ငံကိုသွားဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၉ ဦးကို လူကုန်ကူးသူတွေက ထိုင်းနိုင်ငံက ကျွန်းတကျွန်းမှာ စွန့်ပစ်ထားခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ဇွန် ၅ ရက်မှာပြောပါတယ်။ ကလေးငယ်ငါးဦးပါ၀င်တဲ့ အဲဒီရိုဟင်ဂျာအဖွဲ့ကို ထိုင်နိုင်ငံတောင်ပိုင်း ဆာတန်ပြည်နယ် Koh Dong ကျွန်းမှာတွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာ၀န်ရှိသူ Surachet Hakpan ကပြောပါတယ်။ လက်ရှိမှာတော့ နိုင်ငံတွင်းကို တရားမ၀င်၀င်ရောက်မှုနဲ့ သူတို့ကို တရားစွဲထားပြီး တရားရုံးကအမိန့်ချပြီးရင်တော့ မြန်မာနိုင်ငံပြန်ပို့ခံရနိုင်ကြောင်း Surachet Hakpan ကပြောပါတယ်။ သူတို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေပြီး တရားမ၀င်၀င်ရောက်ခြင်း သို့မဟုတ် လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်ခဲ့ရတာလားဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာအဖွဲ့ဟာ အစာရေစာမစားရတာ သုံးရက်ကနေ ငါးရက်ထိရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့စက်လှေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှကနေ လူ ၁၇၈ ဦးကို…

Read More

ကော့ကရိတ်မှာ ဒူးရင်းသီး စားပွဲတော် ကျင်းပ၊ လုံခြုံရေးကြောင့် ရပ်ဝေးခရီးသည်လာရောက်မှုနည်းပါး

ဇွန် ၆-၂၀၂၂ VOM (GG) ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ရွာမှာ နှစ်ပေါင်း ၅၀ ပြည့် ဒူးရင်းသီး စားပွဲတော် ဒီကနေ့ဇွန်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် ။ ဒူးရင်းသီးစားပွဲ(ခေါ်)သစ်သီးဆွမ်းအလှူတော်ကို လောင်းကိုင် ၅ ရွာပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ လမ်းပန်းဆက်သွယ်ရေး ၊ နယ်မြေလုံခြုံရေး အခြေအနေတွေကြောင့် ရပ်ဝေးဧည့်သည်လာရောက်မှု နည်းပါးခဲ့တယ်လို့သိရပါတယ်။ ” အရင်နှစ်တွေတုန်းကတော့ နိုင်ငံရေးကလည်း တည်ငြိမ်တယ်ဆိုတော့ လူစည်ကားတယ်၊ခရီးသွားတွေလည်းအများကြီးလာတယ်။လာသမျှဧည့်သည်တိုင်းကို အလကားစားသုံးခွင့်ပြုတာပေါ့။ဒူးရင်းသီးရော တခြားအသီးအနှံတွေရောအစုံပဲ တနေရာထဲမှာ အဝစားနိုင်တယ်။ အခုနှစ်က ဒီလိုကျင်းပလာတာ နှစ် ၅၀ ပြည့်တဲ့နှစ်ပေါ့ “လို့ ဒေသခံတဦးက ပြောပြပါတယ်။ လောင်းကိုင်(ကြာအင်း)ဒေသဟာ ကရင်ပြည်နယ်မှာ အရသာအကောင်းဆုံး ဒူးရင်းသီးတွေထွက်တဲ့ ဒေသတခုဖြစ်ကာ ဒေသခံတွေက ရဟန်းသံဃာတော်တွေကို ဆွမ်းနဲ့ ဒေသထွက်သစ်သီးတွေကို နှစ်စဉ် ကပ်လှူပြီးနောက်ပိုင်း ပွဲတော်လာရောက်သူတွေ ဧည့်ခံစားသုံးခွင့်ပြုရာကနေ…

Read More

မန္တလေး – ရွှေဘို ကားလမ်းပေါ်က အောင်တေဇ စက်သုံးဆီအရောင်းဆိုင် ဓားပြတိုက်ခံရ

ဇွန် ၊ ၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ စိုင်နိုင်လေးကျေးရွာအနီး မန္တလေး – ရွှေဘို ကားလမ်းပေါ်က စက်သုံးဆီအရောင်းဆိုင် ၁ ဆိုင်ဟာ မနေ့ဇွန် ၅ ရက် ည ၇ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ဒီမနက် ကားသမားတွေဆီက သိရပါတယ်။ ” ဓားပြတိုက်ခံရတဲ့ ဆီဆိုင်က အောင်တေဇဆိုင်ဖြစ်တယ် ၊ ဆီရောင်းရငွေ ပိုက်ဆံ သိန်း ၃၀ ကျော် ပါသွားတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။ ဝက်လက် မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးကလည်း ” စက်သုံးဆီဆိုင် ဓားပြတိုက် လုယက်ခံရတာ ဖြစ်တယ် ၊ အမှုဖွင့် စစ်ဆေးနေတယ် “လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၉…

Read More

ညှိနှိုင်းချက်တွေမရလို့ Food Pandaကုမ္ပဏီကို အစားအသောက်ပို့ဆောင်သူ(Rider)တွေက သပိတ်မှောက်

ဇွန် ၆၊၂၀၂၂ KK(VOM) Foodpanda ကုမ္မဏီနဲ့ညှိနှိုင်းထားတဲ့သဘောတူညီချက်တွေမရလို့ အစားအသောက်ပို့ဆောင်တဲ့(Rider )တွေက ဒီကနေ့ကစပြီး အလုပ်မဆင်းဘဲ စတင်သပိတ်မှောက်ကြတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ Foodpandaကုမ္မဏီကို တောင်းဆိုချက်ရှစ်ချက်အပေါ် ညိုနှိုင်းခဲ့ရာ အဆင်မပြေတဲ့အတွက် အခုလိုသပိတ်မှောက်တာဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ “ကျနော်တို့တောင်းဆိုတာက ခရီးစဥ်အကွာအဝေးကိုကြည့်ပြီး လုပ်အားခ ၆၇၀ ကျပ်ကနေ စပေးဖို့၊ နောက်တစ်ခုက ဆော့ဖ်ဝဲနဲ့ထိန်းချုပ်ထားတဲ့ စည်းကမ်းတွေ ဖြေလျော့ပေးဖို့၊ အလုပ်ချိန်မှာ ထိခိုက်နစ်နာမှုတွေဖြစ်လာရင် ကုမ္ပဏီဘက်က တာဝန်ယူပေးဖို့ စတဲ့အချက်တွေ၊ ဒါပေမယ့် ဘယ်လိုမှညှိနှိုင်းလို့ အဆင်မပြေဘူး ဒါ့ကြောင့်သပိတ်မှောက်တာ”လို့ သူကပြောပါတယ်။ ဒီလိုအလုပ်မဆင်းဘဲ သပိတ်မှောက်ရာမှာ အစားအသောက်ပို့ဆောင်တဲ့ (Rider) အားလုံးမဟုတ်ဘဲ အလုပ်ဆင်းနေသူတွေလည်းရှိတယ်လို့ Food pandaမှာ အလုပ်လုပ်နေသူတဦးက ပြောပါတယ်။ “လူတိုင်းတော့ မဟုတ်ပါဘူး အလုပ်မဆင်းဘဲ သပိတ်မှောက်တဲ့သူလည်းရှိတယ် ဆင်းတဲ့သူလည်းရှိတယ် “လို့ သူကပြောပါတယ်။ Foodpanda ကုမ္မဏီနဲ့ အစားအသောက်ပို့ဆောင်တဲ့…

Read More
VOM News

FREE
VIEW