Food Panda က အစားအသောက်ပို့ဆောင်သူ(Rider)သူတွေဟာ ကုမ္ပဏီကို သပိတ်မှောက်တာနဲ့ပတ်သက်ပြီး foodpandaကုမ္ပဏီက ပြန်လည်ပြောဆိုချက်

ဇွန် ၆-၂၀၂၂
Voice Of Myanmar

Food Panda က အစားအသောက်ပို့ဆောင်သူ(Rider)သူတွေဟာ ကုမ္ပဏီကို သပိတ်မှောက်တာနဲ့ပတ်သက်ပြီး foodpandaကုမ္ပဏီက အခုလို ပြန်လည်ပြောဆိုထားတာကို တွေ့ရပါတယ်။

Food Panda ကုမ္ပဏီရဲ့ ပြန်လည်ပြောဆိုချက်
——————————————————
ယနေ့ ညနေအချိန်ထိ ကျွန်ုပ်တို့၏ rider အများစုမှာ ၎င်းတို့၏ ပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အော်ဒါပို့ဆောင်ရာတွင် ကြန့်ကြာမှုအချို့ရှိသော်လည်း foodpanda ၏ဝန်ဆောင်မှုသည် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ rider များအား ၎င်းတို့၏ ဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီ ဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံဝန်ဆောင်မှုတစ်ခုကို ပေးစွမ်းလျက်ရှိသည့်အလျောက် rider များ၏ ဘေးကင်းလုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အလွန်အရေးပါသည်။ foodpanda တွင်အလုပ်ချိန်ယူ၍ လုပ်ကိုင်နေသော panda rider များအား ထိခိုက်စေမှု၊ ထိပါး နှောက်ယှက်မှုအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရန် လုံခြုံရေးအစီမံများ ချမှတ် လုပ်ဆောင်ထားပါသည်။ ထို့ကြောင့် rider များအနေဖြင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း ဝင်ငွေအတွက် ပို့ဆောင်ရေးလုပ်ငန်းများအား လုံခြုံစွာ ဆက်လက်လုပ်ကိုင်နိုင်ရန်၊ စားသောက်ဆိုင်များအနေဖြင့်လည်း အဆင်ပြေစွာလည်ပတ်နိုင်ရန်၊ သုံးစွဲသူများအနေဖြင့်လည်း အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းများကို လိုအပ်သလို ဆက်လက် မှာယူနိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိနေကြောင်း အသိပေးလိုပါသည်။

rider များနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့စဉ် rider များတောင်းဆိုခဲ့သည့် အချက်များမှ အကောင်အထည်ဖော်ခဲ့သည့်အချက်များနှင့် လုပ်ဆောင်နေသည့်အခြေအနေများကို အောက်ဖော်ပြပါအချက်များတွင်း အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

၁။ foodpanda အနေဖြင့် မတ်လ၊ ၁၉ ရက်နေ့ (စနေနေ့) တွင် rider တို့၏ အမြင်များနှင့် လိုအပ်ချက်များအား တွေ့ဆုံညှိနှိုင်းပြီးနောက် ပို့ဆောင်ခနှုန်းထားအား လက်ရှိ ဈေးကွက်အနေအထားနှင့် ကိုက်ညီပြီး သင့်တင့်မျှတသော ပမာဏသို့ တိုးမြှင့်ပေးခဲ့ပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1583

၂။ Rider များတောင်းဆိုထားသည့်အချက်များထဲမှ ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်နေသော စည်းမျည်းစည်းကမ်းများအား လျော့ချပေးရန်တောင်းဆိုချက်
Rider များအော်ဒါပို့‌ဆောင်ရာတွင် ပိုမိုအဆင်ပြေစေနိုင်ရန် ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်နေသော စည်းမျည်းစည်းကမ်းအချို့အားဖြေလျှော့ပေးထားပြီးဖြစ်ပါသည်။ ဥပမာအားဖြင့် အက်စီဒင့်များကြုံတွေ့ရသောအခါ၊ ရုတ်တရက် ဖျားနာလာသောအခါ၊ ခန့်မှန်းအော်ဒါပို့ဆောင်ပြီး အချိန်မှာ shift ပြီးဆုံးသွားသည့်အချိန်ပြင်ပဖြစ်နေသောအခါ၊ အော်ဒါပို့သည့်အခါတွင် စီးနင်းနေသောယာဉ် (သို့) ကိုင်ဆောင်နေသောဖုန်းအလုပ်မလုပ်သောအခါ၊ ပို့‌ဆောင်ရမည့် နေရာမှာ မိမိပို့‌ဆောင်ရမည့် ဇုန်မဟုတ်သောအခါ၊ ဆိုင်ဘက်မှ အစားအသောက်ပြင်ဆင်မှု ကြန့်ကြာနေသောအခါ အစရှိသည့် အခြေအနေများကို စွမ်းဆောင်ရည်အကဲဖြတ်ချိန်တွင် ထည့်သွင်းစဉ်းစားမှုတို့ကို ဖြေလျှော့ပေးထားပါသည်။

ထို့အပြင် ဧပြီလ (၁)ရက်နေ့မှ စ၍ ပြေစာတွင်ပါရှိသော ပို့ဆောင်ရမည့်လိပ်စာနှင့် အမှန်တကယ်ပို့ဆောင်ရမည့်လိပ်စာ မတူသောအခါတွင် rider များအနေဖြင့် ထပ်ဆောင်းပို့ဆောင်ကြေးများရရှိနိုင်ရန်နည်းလမ်းများ ထည့်သွင်းဖြည့်စွက်ခဲ့ပြီး ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1596

၃။ Rider များ ဘေးအန္တရာယ်ကျရောက်လာသည့်အခါ company ဘက်မှ တာဝန်ယူမှု တာဝန်ခံမှု တခုခုပြုလုပ်ပေးရန်တောင်းဆိုချက်

ဧရာမြန်မာ အသက်အာမခံ (AMI) အာမခံကုမ္ပဏီနှင့်ပူးပေါင်း၍ panda rider များအတွက် အသင့်တင့်ဆုံးနှင့် အသက်သာဆုံး ဖြစ်နိုင်မည့် အာမခံ package များကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါသည်။ rider များအနေဖြင့် တစ်ရက် အနည်းဆုံး ငွေ (၁၀၀) ကျပ်မှစပြီး အာမခံအကာအကွယ်ကို ဝယ်ယူနိုင်ပြီး အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်ဒဏ်ရာရခဲ့လျှင် (၅) သိန်းမှစ၍ အာမခံကြေး ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://www.facebook.com/foodpandaridersMM/posts/pfbid0yeKtPSX7qHgMjRso9XzLuugnTjf6EmZ4bhxLVTN93ARFv36hh8vLG7h1xof6AjfZl

၄။ rider များသည် မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စအတွက်ဖြင့် company ဘက်မှသတ်မှတ်ထားသော အလုပ်ချိန်အတွင်းမှ နေ့စဉ် ၁နာရီထိ တပတ်လျှင် ၁ရက်နားပိုင်ခွင့် ရရှိရန်တောင်းဆိုချက်

rider များမှာ အလွတ်တမ်းသဘော (freelance) အလုပ်လုပ်ကိုင်ကြသူများဖြစ်သည့်အလျောက် ကိုယ်ရေးကိုယ်တာကိစ္စ အတွက်နားလိုလျှင် အလုပ်ချိန်မယူဘဲ မိမိအတွက်သင့်တော်သောအလုပ်ချိန်ကို ရွေးချယ်နိုင်ခွင့်ရှိပါသည်။ ထို့အပြင် special hour ကိုအခြေခံ၍ batch တွက်ချက်မှုများကို ဖြေလျှော့ပေးထားခြင်းကြောင့် rider များအနေဖြင့် မိမိအတွက် ပိုမိုအဆင်ပြေစေမည့် အလုပ်ချိန်ကို ရွေးချယ်လုပ်ကိုင်နိုင်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1605

၅။ Rider များ လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း အလုပ်သမားများဘက်မှ လိုအပ်လျှင် company နှင့်ဆက်သွယ်နိုင်ရန်အတွက် call center တစ်ခုထားရှိပေးရန်တောင်းဆိုချက်

panda rider များအကူအညီလိုအပ်ပါက rider အက်ပ်တွင် နားကြပ် မှဆက်လက်ဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး လက်တလောတွင် rider များမှ ကြုံတွေ့နေရသောအခက်အခဲများအတွက် ယာယီဆက်သွယ်အကူအညီတောင်းနိုင်ရန်အတွက် ဖုန်းနံပါတ် ၀၉ ၇၆၅ ၆၃၈ ၇၅၈ (မနက် ၇ နာရီမှ ညနေ ၈ နာရီအတွင်း) ကိုဆက်သွယ်၍အကူအညီတောင်းခံနိုင်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1650

၆။ အလုပ်သမားများသွားရောက်ပို့ဆောင်သည့် ခရီးအကွာအဝေးသတ်မှတ်ရာ၌ လမ်းကြောင်းပြ မြေပုံအတိုင်း တွက်ချက်ပေးပါရန် (Google Map) အတိုင်း (ဥပမာ- လမ်းပြောင်းပြန်မောင်းနှင်ခြင်းမှ ရည်ရွယ်ပါသည်။)

မြေပုံတွက်ချက်မှုနှင့်ပတ်သက်၍ ပြည်ပရုံးချုပ်နှင့် နည်းပညာပိုင်းဆိုင်ရာ ပူပေါင်းပြင်ဆင်ချက်များ ပြုလုပ်ရသည်များရှိ၍ အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်းပေးရန် အသိပေးပြောကြားခဲ့ပြီးဖြစ်ပါသည်။ လတ်တလောတွင် အဆင်ပြေစေရန် မြစ်/ ချောင်း / ကန်နှင့် တံတားများဖြတ်ကျော်၍ ပို့ဆောင်ရမည့် အော်ဒါများနှင့်ပတ်သက်ပြီး ပို့ဆောင်ခများကို ထပ်တိုးတွက်ချက်ထည့်သွင်းပေးမည့်အစီအစဉ်ကို အ‌ကောင်အထည်ဖော်ပြီးဖြစ်ပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://www.facebook.com/foodpandaridersMM/posts/pfbid02uESoa8duPZTuDwEm42zhxi67W6DBPRxsPpQy9aUNMacMf937KsmQCiNBKXXbkyBYl
၇။ ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာပြင်ဆင်ပြောင်းလဲခြင်းများပါက rider များသိရှိစေရန်အတွက် ရုံးဘက်က သတ်မှတ်ထားသော foodpanda Page (Social Media) နှင့် Telegram channel မှ တရားဝင်ကြေငြာထားပေးပါရန်တောင်းဆိုချက်

Rider များနှင့်သက်ဆိုင်သော ပြောင်းလဲမှုများ/သတင်းများကို foodpanda rider App Notification ဖြစ်သော Tweety နှင့် foodpanda rider Telegram နှင့် Facebook Page တို့မှတစ်ဆင့်လည်း အချိန်နှင့်တပြေးညီ rider များသိရှိနိုင်ရန် အသိပေးကြေညာပေးလျက်ရှိပါသည်။

Facebook Link: https://www.facebook.com/foodpandaridersMM

Telegram Link: https://t.me/pandaridersmyanmar

အထက်ဖော်ပြပါ အချက်များအပါအဝင် ကျန်ရှိနေသေးသည့် တောင်းဆိုချက်များနှင့် တောင်းဆိုချက် အသစ်ဖြစ်သည့် ပို့ဆောင်သူ rider များအား foodpanda rider သက်သေခံကဒ်ထုတ်ပေးရန် ဟူသော တောင်းဆိုချက်ကို လည်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့သည် rider များနှင့် ပွင့်လင်းမြင်သာစွာဖြင့် ဆက်သွယ် ဆွေးနွေးလျက်ရှိပါသည်။ panda rider များ၏ တောင်းဆိုချက်များကို အမြဲစောင့်ကြည့်လျက်ရှိပြီး foodpanda မှတာဝန်ရှိသူများမှလည်း rider ကိုယ်စားပြုများကို (၅) ကြိမ်တွေ့ဆုံဆွေးနွေး၍ အထက်ပါအချက်များကို အသိပေးခဲ့ပါသည်။ ရှေ့ဆက်၍လည်း ကျွန်ုပ်တို့သည် rider များနှင့် ပွင့်လင်းမြင်သာစွာဖြင့် ဆက်သွယ် ဆွေးနွေးသွားမှာဖြစ်ပြီး rider များ ပိုမိုအဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားလိုပါသည်။

အထက်ပါအတိုင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #FoodPanda #Rider #ကုမ္ပဏီထုတ်ပြန်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW