နန်းတော်ရှေ့ဆရာတင်ရဲ့သားဖြစ်သူ ဝါရင့်ဇာတ်သဘင်ပညာရှင်ကြီး ဘဘစည်သူရွှေနန်းတင် ကွယ်လွန်

ဇွန် ၆-၂၀၂၂
GG+KK(VOM)

ဂန္တဝင်ဂီတပညာရှင်ကြီး နန်းတော်ရှေ့ဆရာတင် ရဲ့သားဖြစ်သူ ဝါရင့်ဇာတ်သဘင်ပညာရှင်ကြီး ဘဘ စည်သူ ရွှေနန်းတင်ဟာ ဒီနေ့ ဇွန်လ ၆ ရက် နေ့လယ်ပိုင်းကပဲ ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။

” နေ့လယ် ၁ နာရီ ၃၅ မိနစ် မှာဖေဖေဆုံးပြီ “လို့ သမီးဖြစ်သူနန်းခင်မွှေးကပြောဆိုထားပါတယ်။

ဘဘ စည်သူ ရွှေနန်းတင်ဟာ ဒီကနေ့ ဇွန်လ ၆ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်က မန္တလေးကနေအိမ်မှာပဲ ၉၆ ပါးရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘဘရွှေနန်းတင်ကို ၁၂၈၇ ပြာသိုလဆန်း ၁ ရက်နေ့မှာ နန်းတော်ရှေ့ဆရာတင်နဲ့ ဇာတ်မင်းသမီးကြီး ပေါ်လင်တင်တို့က ရန်ကုန်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။

ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူနန်းတော်ရှေ့ဆရာတင်နဲ့ ဇာတ်ကရင်း ဇာတ်သဘင်လောကကိုရောက်ရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။

ရွှေနန်းတင် ဇာတ်အဖွဲ့ကို ၁၉၅၀ ပြည့်နှစ်မှာ တည်ထောင်ပြီး ၁၉၆၉ ခုနှစ်မှာ “ပြည်သူတို့ နှင့် ရင်းနှီးကျယ်ပြန့်စွာတွေ့ဆုံမည်”ဆိုတဲ့ ဆောင်ပုဒ် နဲ့ ဗလာဇာတ်ကို စတင်ကပြခဲ့ပြီး တစ်နှစ်မှာ ပွဲချီပေါင်းသုံးရာမနားတမ်းကပြခဲ့ရတဲ့ ဇာတ်မင်းသားကြီးလည်း ဖြစ်ပါတယ်။

မင်းသမီးကြီး ‌ဒေါ်ခင်စမ်းတင် နဲ့ လက်ထပ်ခဲ့ပြီး ဒေါ်နန်းခင်အေး၊ ဒေါ်နန်းခင်ဌေး၊ ကိုနန်းဝင်းနဲ့ ဒေါ်နန်းခင်မွှေးတို့ သားသမီး(၄)ဦး ထွန်းကားခဲ့ပါတယ်။

ရွှေနန်းတင်ရဲ့”သဘင်သည်ဘဝအတွေ့အကြုံ”စာအုပ်ကို ၂၀၂၁ ခုနှစ် မှာထုတ်ဝေထားပြီး အဲ့ဒီစာအုပ်ဟာ ရွှေနန်းတင်ရဲ့ သဘင်အတွေ့အကြုံတွေကို ရေးသားဖော်ပြထားတဲ့ စာစုတွေဖြစ်ပြီး စုစုပေါင်း ဆောင်းပါး ၂၉ ပုဒ် ပါဝင်ကာ သူဖြတ်သန်းလာခဲ့တဲ့ သဘင်လောကအတွေ့အကြုံတွေရယ် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ဇာတ်စာ၊ ဇာတ်စကားတွေကို ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။

ဘဘစည်သူ ရွှေနန်းတင်ကို နစက က ၂၀၂၂ ခုနှစ် ဧပြီလမှာ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့တာဖြစ်ခဲ့ပါသေးတယ်။

ဒါကြောင့် နန်းတော်ရှေ့ဆရာတင် နဲ့ သားဖြစ်သူ ဘဘရွှေနန်းတင်တို့ သားအဖဟာ မြန်မာနိုင်ငံမှာ ဒုတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရတဲ့ သားအဖတွေလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #စည်သူရွှေနန်းတင် #ကွယ်လွန် #အနုပညာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW