မလေးရှားသွားမယ့် ရိုဟင်ဂျာ ၆၀ နီးပါးကို ထိုင်းကကျွန်းပေါ်မှာ လူကုန်ကူးသူတွေ စွန့်ပစ်ခဲ့

ဘန်ကောက်၊ ဇွန်-၆-၂၀၂၂
မျိုးဆက်(VOM)

မလေးရှာနိုင်ငံကိုသွားဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၉ ဦးကို လူကုန်ကူးသူတွေက ထိုင်းနိုင်ငံက ကျွန်းတကျွန်းမှာ စွန့်ပစ်ထားခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ဇွန် ၅ ရက်မှာပြောပါတယ်။

ကလေးငယ်ငါးဦးပါ၀င်တဲ့ အဲဒီရိုဟင်ဂျာအဖွဲ့ကို ထိုင်နိုင်ငံတောင်ပိုင်း ဆာတန်ပြည်နယ် Koh Dong ကျွန်းမှာတွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာ၀န်ရှိသူ Surachet Hakpan ကပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံတွင်းကို တရားမ၀င်၀င်ရောက်မှုနဲ့ သူတို့ကို တရားစွဲထားပြီး တရားရုံးကအမိန့်ချပြီးရင်တော့ မြန်မာနိုင်ငံပြန်ပို့ခံရနိုင်ကြောင်း Surachet Hakpan ကပြောပါတယ်။

သူတို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေပြီး တရားမ၀င်၀င်ရောက်ခြင်း သို့မဟုတ် လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်ခဲ့ရတာလားဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာအဖွဲ့ဟာ အစာရေစာမစားရတာ သုံးရက်ကနေ ငါးရက်ထိရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့စက်လှေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှကနေ လူ ၁၇၈ ဦးကို တင်ဆောင်လာတဲ့ စက်လှေသုံးစင်းအနက်က တစင်းဖြစ်တယ်လို့ ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံမှာရှိနေတဲ့ ရိုဟင်ဂျာတွေထောင်ပေါင်းများစွာဟာ ထိုင်းရေပိုင်နက်ကနေပြီး မလေးရှာကို သွားဖို့ကြိုးစားလေ့ရှိကြပါတယ်။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW