မုံရွာမြို့မှာ သိန်း ၁ ထောင်ကျော် အနုကြမ်းစီးသွားတဲ့ အမျိုးသမီးကို ကျောက်ဆည်မှာ ဖမ်းမိ

ဇွန် ၊ ၉-၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၃ လမ်း ၊ အိမ်အမှတ် ၆၀ ကို ဇွန် ၆ ရက် မနက်ပိုင်းက တကိုယ်တော် အနုကြမ်းဝင်စီးသွားတဲ့ အမျိုးသမီးကို ကျောက်ဆည်မြို့နယ်မှာ လုရာပါပိုက်ဆံတွေနဲ့အတူ ဖမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” ဒီလ ၇ ရက်နေ့ ညက သူ့ကိုဖမ်းမိတာပါ ၊ လုယက်သူ အမျိုးသမီးက အဲ့ဒီ အခင်းဖြစ်ပွားတဲ့နေအိမ်မှာ အိမ်ဖော်အဖြစ် အလုပ် လုပ်ခဲ့ဖူးသူ၊ ကျောက်ဆည်မြို့နယ် ဆင်နတ်တောင်ကျေးရွာက မနွယ်နီသန်း ခေါ် မမီးမီးဆိုသူဖြစ်တယ် “လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

အနုကြမ်းစီးတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်လက်ရှင်းပြတာက ” အခင်းဖြစ်တဲ့မနက်က အိမ်မှာ အသက် ၇၀ ဝန်းကျင် အဘွားတယောက်နဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ် တယောက် အဲ့ဒီ မြေးအဖွား ၂ ယောက်ရှိတဲ့အချိန် ၊ လုယက်မှုကျူးလွန်သူအမျိုးသမီးက တကိုယ်တော် အိမ်ထဲဝင်ပြီး အဘွားကြီးရဲ့ခေါင်းကို ပလပ်စတစ်အိတ်နဲ့ စွပ်ပြီး အိမ်သာထဲကို ထည့်ပိတ်ပြီးမှ ပိုက်ဆံ သိန်း ၁၇၅၀ နဲ့ ရွှေ ၁၀ သားကို ရှာဖွေယူဆောင်သွားတာ”လို့ ပြောပါတယ်။

မနေ့ ဇွန် ၈ ရက် ညနေပိုင်းကလည်း မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ နယ်မြေ ၃ ၊ စံပယ်လမ်းက လူနေတိုက်အိမ် တလုံးမှာ အလားတူ အနုကြမ်းစီးမှု ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #သိန်းတထောင်အနုကြမ်းစီးသူ #ကျောက်ဆည်မှာဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW