ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း ကာလရှည်ကြာနိုင်တယ်လို့ WTO သတိပေး

ဂျီနီဗာ၊ ဇွန်-၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအကြပ်အတည်းဟာ ကာလရှည်ကြာနိုင်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)အကြီးအကဲက ဇွန် ၈ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

အထူးသဖြင့် ဂျုံနဲ့ ဓါတ်မြေသြဇာပြတ်လပ်မှုကြောင့် အာဖရိကနိုင်ငံတွေကို ပိုမိုထိခိုက်နိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြီးအကဲ အင်ဂိုဇီအိုခွန်ဂျိုဝေလာက ပြောပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ကောက်ပဲသီးနှံတန်ချိန်သန်းပေါင်းများစွာမှာ ကုန်လှောင်ရုံတွေမှာရှိနေပြီး ယူကရိန်းဆိပ်ကမ်းတွေမှတဆင့် တင်ပို့နိုင်ခြင်းမရှိဖြစ်နေပါတယ်။

ဒီအခြေအနေမှာ စိုက်ပျိုးရေးထုတ်ကုန်တွေစျေးကြီးမြင့်လာနေကြောင်း သူကပြောပါတယ်။

ယူကရိန်းဟာ ဂျုံတင်ပို့တဲ့ အဓိကနိုင်ငံဖြစ်ပြီး ကမ္ဘာ့စျေးကွက်ရဲ့ ကိုး ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပြီး ကမ္ဘာ့နေကြာဆီစျေးကွက်ရဲ့ ၄၂ ရာခိုင်နှုန်းနဲ့ ပြောင်းစျေးကွက်ရဲ့ ၁၆ ရာခိုင်နှုန်း တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့ကောက်ပဲသီးနှံစျေးနှုန်းတွေ မြင့်တက်နေချိန်မှာ ပင်လယ်နက်ဆိပ်ကမ်းတွေကို ရုရှားကပိတ်ဆို့ထားတာကြောင့် ဂျုံတန်ချိန်သန်း ၂၀ မှ ၂၅ သန်းအကြား ယူကရိန်းမှာ ပိတ်မိနေပါတယ်။

ယမန်နှစ်ကနဲ့ နှိုင်းယှဉ်ပါက ဂျုံစျေးနှုန်းဟာ ၅၉ ရာခိုင်နှုန်း၊ နေကြာဆီ ၃၀ ရာခိုင်နှုန်းနဲ့ ပြောင်းစျေး ၂၃ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အကြီးအကဲက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW