စစ်တောင်းလူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရပြီး အဖွဲ့ဝင်အမျိုးသားတဦးသေဆုံး၊တဦးဒဏ်ရာရ

ဇွန် ၁၀-၂၀၂၂
GG(VOM)

ကျိုက်ထိုမြို့နယ်က ၊ စစ်တောင်းလူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရလို့ အဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ​သိရပါတယ်။

မနေ့ ဇွန် ၉ ရက် ည ၁၀ နာရီလောက်မှာ စစ်တောင်းရွာက ဓားထိုးခံရတဲ့လူနာကို ဆေးရုံကိုပို့ပြီးပြန်လာချိန် အင်္ဂဘိုကျေးရွာနားအရောက်မှာ ကားကိုသေနတ်ပစ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

” ကားပေါမှာက ယာဥ်မောင်းရယ်၊ နောက်ထပ်နှစ်ယောက်ရယ်ပါတယ်၊ လူနာပို့အပြီးပြန်အလာ ကားကိုသေနတ်ပစ်ခံရတော့ ဘေးကလိုက်လာတဲ့ ၂ ယောက်မှာ တယောက်က ဆီးအိမ်ကျည်ထိတယ်၊ နောက်တယောက်က ပေါင်ကိုကျည်ရှပ်ထိတယ်၊ ဆေးရုံတောင်မရောက်လိုက်ဘူး။ တယောက်က လမ်းမှာပဲဆုံးတယ်လို့ သိရတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

သေဆုံးသွားတဲ့ အသင်းဝင်းဟာ ပြည့်ဖြိုးအောင်ဆိုသူဖြစ်ပြီး ဒဏ်ရာရရသူကတော့ ကျော်ဇင်ဦး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

စစ်တောင်းလူမှုကူညီရေးအသင်းဟာ ကိုဗစ်ကာလကတည်းက အခုချိနအထိ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ အသင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

လူမှုကူညီရေးအသင်းကားတွေ ပစ်ခတ်ခံရတဲ့အတွက် ညအချိန်တွေ အကူအညီတောင်းလာရင် ငြင်းပယ်တာမျိုးတွေလုပ်တော့မယ်လို့ ကျိုက်ထိုဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။

” တတ်နိုင်သလောက် ညဘက်ကိုကြည့်ရှောင်ရမှာပေါ့၊ညဘက်မှာ အလုပ်လုပ်ဖို့ကို အကူအညီတောင်းလာရင် ငြင်းရမှာပေါ့ ၊အကုန်လုံးက အရေးကြီးပါတယ် လူနာတွေရော ကျနော်တို့ပရဟိတသမားတွေရောပေါ့။ ” လို့ သူကပြောပါတယ်။

ကျိုက်ထိုမြို့နယ်က အင်္ဂဘိုကျေးရွာ ပတ်ဝန်းကျင်နဲ့ ရန်ကုန် – မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်မှာက မကြာခဏဆိုသလို ပစ်ခတ်၊တိုက်ခိုက်မှုတွေ ဖြစ်ပွားတာမျိုးရှိတယ်လို့ ​သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာလည်း လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရတဲ့ဖြစ်စဥ်အချို့ ပြီးခဲ့တဲ့ လပိုင်းတွေက ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #စစ်တောင်း #လူမှုကူညီရေးကား #ပစ်ခတ်ခံရ #အဖွဲ့ဝင်တဦးသေဆုံး #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW