သီပေါမြို့ကို ညမထွက်အမိန့် ထုတ်ပြန်

ဇွန် ၁၀-၂၀၂၂
KK(VOM)

သီပေါမြို့နယ်မှာ ဇွန်လ ၈ ရက်ကစလို့ ညရှစ်နာရီကနေ မနက်လေးနာရီထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်လို
က်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သီပေါမြို့နယ်အတွင်းရှိ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေလို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ရတာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီလူပုဂ္ဂိုလ်အချို့ရဲ့ပြုမူဆောင်ရွက်မှုကြောင့် အများပြည်သူတို့ရဲ့လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်နိူင်တယ်လို့ ယုံကြည်ယူဆပြီး သီပေါ်မြို့နယ်မှာ စုဝေးခြင်း ယာဥ်တစ်မျိုးမျိုးကိုဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း လှူံဆော်ဆန္ဒပြခြင်းများမပြုလုပ်ဖို့ တားမြစ်လိုက်တာဖြစ်ပါတယ်။

“သီပေါမှာတော့ ပုံမှန်အတိုင်းသွားလာနေကြတာပါပဲ၊ ဘာကြောင့် အခုလိုအမိန့်ထုတ်လဲမသိဘူး၊ ကျနော်ရှိတဲ့နေရာမှာတော့ ထုတ်ပြန်ချက်ထဲကဖြစ်စဥ်တွေမရှိဘူး”လို့ နိူင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ပြောပါတယ်။

အခုလို အမိန့်ထုတ်ပြန်လိုက်ပြီးနောက် လူ၅ဦး(သို့
မဟုတ်)လူ၅ဦးထက် ပိုသူများသည် ည ရှစ်နာရီမှ မနက်လေးနာရီအတွင်း သီပေါမြို့နယ်အတွင်း လမ်းမကြီးများ လမ်းသွယ်များနဲ့အများပြည်သူနဲ့ဆိုင်သောနေရာတွေမှာ စုဝေးခြင်းပြုလုပ်ရမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်တာနဲ့ပတ်သက်ပြီး အတည်ပြုနိူင်ဖို့ သီပေါမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ဒီအမိန့်ကို သီပေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အထွေထွေအုပ်ချုပ်ရေးမှူးကိုယ်တိုင် ဇွန်လ ၈ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #သီပေါ #ညမထွက်ရအမိန့် #၁၄၄ထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW