ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို သေဒဏ်ပေးမှု ပြန်စဉ်းစားဖို့ အာဆီယံဥက္ကဌ တိုက်တွန်း

ဖနွမ်းပင်၊ ဇွန်-၁၁-၂၀၂၂
မျိုးဆက်(VOM)

ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအ၀င် လေးဦးကို သေဒဏ်ပေးထားတာနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်ဖို့ အာဆီယံအလှည့်ဥက္ကဌဖြစ်သူ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က နစက ဥက္ကဌကို စာရေး တိုက်တွန်းလိုက်ပါတယ်။

အဲဒီသေဒဏ်ပေးမယ့် အစီအစဉ်ကို အကောင်အထည်ဖော်ရင် မြန်မာနိုုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေရှိလာမယ်လို့ ကမ္ဘောဒီးယားအနေနဲ့ အခိုင်အမာယုံကြည်တယ်လို့ ဟွန်ဆန်ရဲ့စာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက်တွေကို အခြေခံပြီး အားလုံးပါ၀င်တဲ့ ဆွေးနွေးမှုမှတဆင့် မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်ရောက်ရှိရေးအတွက် အာဆီယံရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း ဆိုးကျိုးတွေသက်ရောက်လာလိမ့်မယ်လို့ ဟွန်ဆန်က ပြောပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ အတားအဆီးဖြစ်စေနိုင်တဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး သေဒဏ်ပေးတာကို ရှောင်ရှားဖို့ လေးစားစွာမေတ္တာရပ်ခံတယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ်က ပြောပါတယ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ အခြားနှစ်ဦးကို တံခါးပိတ်ရုံးတင်စစ်ဆေးပြီးနောက် အယူခံကိုပယ်ချခံခဲ့ရတာကြောင့် သေဒဏ်ပေးကွပ်မျက်မယ်လို့ မြန်မာအာဏာပိုင်တွေက ထုတ်ပြန်ထားခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

Ref:Phnom Penh Post
Photo:SPM
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW