လူမိုက်နှင့်ငွေ အတူမနေ

ဆူးငှက် ““မန္တလေးဆို ..ရွှေမြို့၊ တို့ရတနာပုံနေပြည် … တင့်တယ်သာယာစည်ကား … ဟိုတုန်းအခါကလေ … အဲဒါတွေ မတွေးကြနဲ့ ရှေ့ ဆက်ကာ စီမံကြံစို့လေ …””တဲ့။ သီချင်းရေးဆရာ အေဝမ်းဆရာညှာနဲ့ မြို့မအသင်းကြီးက စစ်ကြီးအပြီး မန္တလေးပြန်အဝင်မှာ မန္တလေးပြန်လည်ထူထောင်ရေးအတွက် အားကောင်းမောင်းသန် ပြန်လည်ကြိုးစားကြဖို့ အားပေးခဲ့ပေမယ့် လူတွေကပန်းနေပြီ။ ခြေကုန်လက်ပန်းကျနေကြပြီ။ ကမ္ဘာ့စစ်ကြီးကြောင့် မြို့မှာ ပြာဘုံဘဝရောက်ရှိသွားခဲ့သည့်အတွက် ကိုယ့်အိုးကိုယ့်အိမ်နေရာကိုပင် မနည်းပြန်လည်ရှာဖွေကာ ဖြစ်သလို ယာယီတဲထိုး၍ နေကြရသည်။ ကမ္ဘာ့စစ်ကြောင့် ပျက်စီးသွားသော မြို့ပြကြီး ပြန်လည်ထူထောင်ရေးအတွက် ကာယကံရှင် မြို့သူမြို့သားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်ဓာတ်ပြင်းပြမှု၊ စိတ်ဓာတ်အားမာန်များ စွမ်းစွမ်းတမံရှိရေးကား အထူးလိုအပ်လှပေသည်။ ကမ္ဘာစစ်ကြီးကား ရုပ်ဝတ္ထုပျက်စီးစေမှုများသာမက စိတ်ဓာတ်ရေးရာ ပျက်စီးစေမှု “ဆိုးမွေ”များကို တနင့်တပိုး ပေးခဲ့ချေပြီ။ နိုင်ငံခြားသားစစ်သားများနှင့်အတူပါလာသော အသောက်အစား၊ အပျော်အပါး၊ လောင်းကစားမှုများက စိတ်ဓာတ်နုပျိုစ အရာရာစူးစမ်းစွန့်စားလိုစိတ် ပွင့်ဖူးစ မြန်မာလူငယ်များအား…

Read More

ကျိုက်လတ်မှာ လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ပေါ်တင်လုပ်နေ

ကျိုက်လတ်၊ ဇွန် ၁၁-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တရက်နဲ့တရက် ဖဲလောင်းကစားဝိုင်း ကို ပေါ်ပေါ်တင်တင် တရားဝင်သဖွယ်လုပ်နေကြတယ်လို့ အဲ့ဒီဒေသခံတွေဆီက သိရပါတယ်။ ကျိုက်လတ်မြို့နယ်က ကျေးရွာ ၇ ရွာထက်မနည်းနဲ့ မြို့ပေါ်ရပ်ကွက် ၉ ခုလောက်မှာ ဖဲလောင်းကစားဝိုင်းကို တရားဝင်သဖွယ်လုပ်လာကြတာကြောင့် စီးပွားရေးကြပ်တည်းလာပြီး မှုခင်းတွေလည်း ဖြစ်ပွားလာတယ်လို့သိရပါတယ်။ ကျိုက်လတ်မြို့ပေါ်က ဒေသခံတဦးက” ဖဲဝိုင်းတွေကပေါ်ပေါ်တင်တင်လုပ်လာတာတွေ့ရတယ်။ တစ်နေ့နဲ့တစ်နေ့ ဖဲဝိုင်းတွေက တော်တော်များလာတာ။စီးပွားရေးတွေကလည်း ကျပ်တည်းလာချိန် တရားမဝင်လောင်းကစားတွေကများလာတော့ မှုခင်းတွေကလည်း ဖြစ်လာတယ်။ထပ်ထပ်ပြီးတော့လည်း ဖြစ်လာဖို့သာရှိတယ်၊ ဒါ့ကြောင့်ထိန်းချုပ်ဖို့လိုလိမ့်မယ်လို့ယူဆတယ်” လို့ ပြောပါတယ်။ အဲ့ဒီ လောင်းကစားဝိုင်းတွေကို ငွေကြေးပြေလည်သူတွေက လိုင်းကြေးတွေပေးပြီး လုပ်နေတာလို့သိရပြီး ဖဲဝိုင်းတစ်ဝိုင်းကို သိန်း ၅၀ ကျော်နဲ့ ၁၀၀ ကျော်လောက် လောင်းကစားကြေးဖြစ်နေပြီး ဝိုင်းကောင်းတဲ့အခါ ဒီထက်ပိုများတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်သိရပါတယ်။ အဲ့ဒီလို လောင်းကစားပြုလုပ်နေတာနဲ့ပတ်သက်လို့ မြို့နယ်အဆင့်တာဝန်ရှိသူတဦးက “လောင်းကစားတွေကပြည်သူတွေကနေ စဖြစ်တာ။ဒီကလောင်းကစားတွေ…

Read More

လက်ပံတန်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့အမျိုးသားတဦး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး

ဇွန် ၁၁-၂၀၂၂ VOM (GG ) ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်၊ကျွန်းကလေးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်စီးနေချိန် သေနတ်နဲ့ပစ်ခတ်ခံရလို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။ ဒီနေ့ဇွန်လ ၁၁ ရက်နေ့ မနက် ၁၁ လောက် မှာ ကျွန်းကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်‌ရွှေ ဆိုသူဟာ အမျိုးသားတဦးနဲ့အတူ ဆိုင်ကယ်စီးလာစဉ် အခြားဆိုင်ကယ်စီးလာသူအမျိုးသားတွေက သေနတ်နဲ့ပစ်သတ်ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” သူ့တပည့်နဲ့ လယ်သွားကြည့်တာမှာ သေနတ်နဲ့လိုက်အပစ်ခံရတာလို့ကြားတယ်။သူက စစ်မှုထမ်းဟောင်းပါ။လက်ပံတန်း​မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ၊ သူက ဆေးရုံတောင်မရောက်လိုက်ဘူး နေရာမှာပွဲချင်းပြီးပဲ”လို့ ဒေသခံတဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့အတူပါတဲ့ အမျိုးသားလည်း သေနတ်ထိမှန်ခဲ့လို့ လက်ပံတန်းမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့အမျိုးသားတဦး သေနတ်နဲ့ပစ်ခတ်မှုကိုတော့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)ရဲ့ ရွှေတန်းမြေပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar #VOM #လက်ပံတန်း #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ

Read More

ရေစကြို – ပခုက္ကူကားလမ်းပေါ်က ထွန်းညိုလူ တိုးလ်ဂိတ် မိုင်းခွဲခံရ

ဇွန် ၊ ၁၁ -၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဆန်းသစ်ကျေးရွာအနီး ရေစကြို – ပခုက္ကူ ကားလမ်းပေါ်က ထွန်းညိုလူ တိုးလ်ဂိတ်ဟာ မနေ့ ဇွန် ၁၀ ရက် ည ၈ နာရီကျော်အချိန်က မိုင်းခွဲခံရတဲ့အတွက် ထိခိုက်ပျက်စီးသွားတယ်လို့ အဲ့ဒီဂိတ်ဝန်းကျင် ရွာခံတွေဆီက သိရပါတယ်။ ” ည ၈ နာရီကျော်ရင် ကားသွား ကားလာ မရှိတော့ဘူး ၊ အဲ့ဒီနောက်ပိုင်း ပေါက်ကွဲသံတွေကြားရတယ် ၊ ဒီမနက်ကျမှ တိုးလ်ဂိတ် ဖျက်ဆီးခံရတယ်ဆိုတာ သိရတယ် ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က” ဖျက်ဆီးခံရတဲ့ တိုးလ်ဂိတ်က ထွန်းညိုလူဂိတ်ဖြစ်တယ် ၊ တိုးလ်ဖလာဇာ…

Read More

မြောက်ဒဂုံမှာ လူငယ်(၃)ဦးကို ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွား

ဇွန် ၁၁-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်မှာ ဒီကနေ့ နေ့လယ်ပိုင်းက လူငယ်သုံးဦးကိုပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီက ​မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးလင်းလမ်းက နေအိမ်တစ်အိမ်မှ လူငယ်(၃)ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ် တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ပစ်ဖမ်းတာတော့ ဟုတ်တယ်၊ ဝင်ဖမ်းတဲ့အချိန် တယောက်ထွက်ပြေးလို့ ပစ်ပြီးဖမ်းတာ ထိသွားတယ်၊ လက်နက်တွေလည်း မိတယ်လို့ ပြောတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်ဖမ်းဆီးခံရသူတွေဟာ ဇူလှိုင်ဟိန်း၊ အောင်ခိုင်ထွန်း၊ ထက်လင်းအောင်တို့ဖြစ်ပြီး Glock ပစ္စတိုတစ်လက်၊ Stoeger Cougar ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံးလေးလုံးနဲ့ ယမ်းမှုန့်တစ်ထုတ် တို့နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ လက်တလောမှာ ဖမ်းဆီးခံရတဲ့လူငယ်သုံးဦးကို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာ VOM သတင်းဌာနအနေနဲ့…

Read More

မကွေးတိုင်းမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်နဲ့ ဆီသိုလှောင်ခြံတွေကို စစ်ဆေးမှုပြုလုပ်

ဇွန် ၁၁-၂၀၂၂ VOM (GG) မကွေးတိုင်းတတိုင်းလုံးက စက်သုံးဆီအရောင်းဆိုင်တွေကို လုပ်ငန်းလိုင်စင်ရှိ၊မရှိနဲ့ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချခြင်းရှိ၊မရှိကို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ စက်သုံးဆီအရောင်းဆိုင်တွေ တရားမဝင်စက်သုံးဆီရောင်းချခြင်းရှိ၊မရှိ ၊ပုံမှန်အတိုင်းဖွင့်လှစ်ခြင်းရှိ၊မရှိ ၊ ပိတ်ထားတာရှိ၊မရှိ၊ တရားဝင်ဖြန့်ဖြူးရောင်းချခြင်းနှင့်တရားဝင်လုပ်ငန်းလိုင်စင်ရယူ​ ဆောင်ရွက်ထားခြင်းရှိ၊မရှိ၊စက်သုံးဆီပြတ်လပ်ခြင်း ရှိ၊မရှိ၊ လုံခြုံရေးအခြေအနေတွေကို လိုက်လံစစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။ ” ကျနော်တို့ဌာနအပါ ရဲတပ်ဖွဲ့၊ထွေ/အုပ်၊ ကျန်တဲ့ဌာနဆိုင်ရာတွေပေါင်းပြီး ၉ ရက်နေ့က စစ်ဆေးတာတွေလုပ်ခဲ့တယ် ။ တရားမဝင်ရောင်းချနေတဲ့ဆီဆိုင် မရှိပါဘူး။ကျနော်တို့စလင်းမှာတော့ စက်သုံးဆီဆိုင် ၁၈ ဆိုင်ရှိတယ်”လို့ စလင်းမြို့နယ်မီးသတ်ဌာနမှ တပ်ဖွဲ့ဝင်တဦးကပြောပြပါတယ်။ ဆီသိုလှောင်ထားတဲ့ ခြံတွေအနေနဲ့လည်း တရားမဝင်စက်သုံးဆီသိုလှောင်ခြင်း၊သယ်ဆောင်ခြင်းမပြုလုပ်ဖို့ နဲ့ ဆီလှောင်ဖို့ သယ်ဆောင်တဲ့အခါ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ စစ်ဆေးသတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ရေနံစိမ်းသယ်ဆောင်ရာမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရေနံစိမ်းသယ်ဆောင်ခွင့် မျှောပါမှသာ သယ်ဆောင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ဖို့၊ အကယ်လို့ တရားမ၀င်သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိပါက ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ သတိ​ပေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ” အကုန်စစ်နေတာ ၊…

Read More

တန့်ဆည်မြို့ ရွှေကတော်စျေးရှိ ဆိုင်ခန်း ၃၀ ကျော် မီးလောင်

ဇွန် ၊ ၁၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့ ၊ မဟာမြိုင်ရပ်ကွက် ၊ ရွှေကတော် ဘုရားအနီးက ရွှေကတော် စျေးတန်းဟာ မနေ့ ဇွန် ၁၀ ရက် ည ၈ နာရီဝန်းကျင်းက မီးလောင်ခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေဆီက သိရပါတယ်။ “ညက ၈ နာရီကျော်မှာ မီးစတင်လောင်တယ် ၊ မီးလောင်ပျက်စီးသွားတာ ဆိုင်ခန်းပေါင်း ၃၁ ခန်းဖြစ်တယ် ၊ ရှို့မီးကြောင့် အခုလို ဆုံးရှုံးရတာပါ “လို့ မီးလောင်ဆုံးရှုံးခဲ့တဲ့ စျေးသည်တယောက်က ပြောပါတယ်။ တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ” ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးက ကာယကံရှင် နစ်နာသူတွေနဲ့ စီစစ်တွက်ချက်နေတုန်းဖြစ်တယ် ၊ အကြမ်းဖက်သမားတွေက ဝင်ရောက်ရှို့တာလို့ စစ်ဆေးပေါ်ပေါက်တယ် ၊ အမှုဖွင့်ဆောင်ရွက်ထားပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင်…

Read More

အဆိုတော် ဂျက်စတင်ဘီဘာ မျက်နှာလေတခြမ်းဖြတ်သွား ၊ လက်ခံထားတဲ့ ရှိုးပွဲတွေ ဖျက်သိမ်းလိုက်ရ

ဝါရှင်တန်၊ ဇွန်-၁၁-၂၀၂၂ မျိုးဆက်(VOM) အဆိုတော် ဂျက်စတင်ဘီဘာဟာ မျက်နှာတခြမ်းလေဖြတ်သွားတာကြောင့် ယခုသီတင်းပတ်အတွင်းမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ ရှိုးပွဲတွေကို ဖျက်သိမ်းလိုက်ရပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂျက်စတင်ဘီဘာဟာ Ramsay Hunt ဆင်ဒရုမ်းလက္ခဏာတွေကြောင့် အခုလိုဖြစ်ပွားရတာလို့ အင်စတာဂရမ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ မြင်တဲ့အတိုင်းပဲ ကျတော့်မျက်လုံးတဘက်က မျက်တောင်ခတ်လို့မရပါဘူး။ ပြုံးရင်တောင် အဲဒီညာဘက်ခြမ်းက လှုပ်ရှားမှုမရှိဘူးလို့ ဂျက်စတင်ဘီဘာက ပြောပါတယ်။ လက်ရှိမှာတော့ ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ဖျော်ဖြေပွဲတွေ လုပ်နိုင်ဦးမှာမဟုတ်တဲ့အတွက် ပရိတ်သတ်အနေနဲ့ စိတ်ရှည်သည်းခံပေးဖို့ သူကမေတ္တာရပ်ခံထားပါတယ်။ ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်ဖို့ မျက်နှာလေ့ကျင့်ခန်းတွေ လုပ်နေပေမယ့်လည်း ပြန်ကောင်းဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိသေးဘူးလို့ ဂျက်စတင်ဘီဘာက ပြောပါတယ်။ Ramsay Hunt ဆင်ဒရုမ်း ဆိုတာကတော့ နားရွက်အနီး မျက်နှာမှာရှိတဲ့ အာရုံကြောတွေအနားမှာ ထိခိုက်ဒဏ်ရာရရင်ဖြစ်တတ်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ Ref: BBC Photo:Instragram #voiceofmyanmar #VOM #ဝါရှင်တန်

Read More

တာချီလိတ်ကနေ ထိုင်းကိုသွားတဲ့ မြန်မာ ၂၃ ဦး နယ်စပ်မှာ အဖမ်းခံရ

ဘန်ကောက်၊ ဇွန်-၁၁-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ မယ်ဖလွမ်နဲ့ မယ်ဆိုင်တို့မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ ၂၃ ဦးကို ဇွန် ၉ ရက်နဲ့ ၁၀ရက်တို့မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ မယ်ဖလွမ်မှာ ဇွန် ၁၀ ရက်အစောပိုင်းက မြန်မာ ရှစ်ဦးပါတဲ့အဖွဲ့ကို ထိုင်းလှည့်ကင်းအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသမီးခြောက်ဦးနဲ့အမျိုးသားနှစ်ဦးတို့ ပါ၀င်တယ်လို့သိရပါတယ်။ သူတို့ဟာ တာချီလိတ်ကနေ ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ လာခဲ့တာဖြစ်ပြီး မြန်မာပွဲစားတဦးကို ဘတ် ၂၃၀၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။ မယ်ဆိုင်မှာလည်း တာချီလိတ်ကနေ ထိုင်းနိုင်ငံထဲကို တရားမ၀င်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာ ၁၅ ဦးကို ဇွန် ၉ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ငါးဦးပါ၀င်ပါတယ်။ သူတို့ဟာလည်း ဘန်ကောက်မှအလုပ်လုပ်ဖို့ လာခဲ့ကြတာဖြစ်ပြီး ပွဲစားကို ဘတ် ၃၀၀၀ စီပေးခဲ့ရတယ်လို့ ပြောပါတယ်။…

Read More

သာပေါင်း-ပုသိမ်ကားလမ်းဘေးက အိမ်တွေကို ဖယ်ရှားရှင်းလင်းနေ

သာပေါင်း၊ ဇွန် ၁၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် သာပေါင်း-ပုသိမ်ကားလမ်းဝဲ၊ယာတစ်လျှောက်မှာရှိတဲ့ နေအိမ်တွေကို ဇွန်လ ၇ ရက်မှစတင်ပြီးတော့ ဒီကနေ့အထိ ဖယ်ရှားရှင်းလင်းနေတဲ့အတွက် ရွှေ့ပြောင်းဖို့ နေရာမရှိလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ လမ်းဘေးဝဲ/ယာ တလျှောက်က ဒေသခံတွေဆီက သိရပါတယ်။ အဲ့နေအိမ်တွေဟာ လမ်းဦးစီးဌာနရဲ့လမ်းနယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်နေတာလို့ဆိုပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့က ကွင်းဆင်းဖယ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။ ”လမ်းဦးဌာနက တာဝန်ရှိတဲ့သူတွေပါတဲ့ ကျူးကျော်တွေ စာရင်းကောက်ဖယ်ရှားရှင်းလင်းရေးအဖွဲ့ကကွင်းဆင်းပြီးတော့ဖယ်ရှားရှင်းလင်းနေတာ၊ မဖယ်ပေးရင်တော့ အရေးယူရလိမ့်မယ်လို့ပြောတယ်။မိုးတွင်းရောက်နေပြီ နေစရာမြေမရှိလို့ နေရတာကို အခုမှ ရုတ်တရက်ရွှေ့ခိုင်းတော့ အခက်အခဲ အတော့်ကိုဖြစ်နေတယ်။”လို့ အဲ့ဒီလမ်းဘေးမှာနေထိုင်သူတဦးကပြောပါတယ်။ အဲ့ဒီကားလမ်းဘေးတလျှောက်မှာနေထိုင်တဲ့ပြည်သူတွေဟာ အဲ့ဒီလမ်းဘေးမှာနေလာတာ နှစ်ပေါင်း ၃၀ နီးပါးအထိရှိနေတယ်လို့ သိရပြီး ရုတ်တရက်ပြောင်းရွှေ့ခိုင်းတာကြောင့်အဆင်မပြေဖြစ်နေတဲ့အပြင် အင်အားသုံး ထပ်မံဖယ်ရှားလာမှာကို စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။ ”လမ်းနယ်နမိတ်အတွင်းမှာပါနေတဲ့ ကျူးကျော်တွေကို ဖယ်ရှားနေတာ။ရွှေ့ပြောင်းပေးဖို့ နို့တစ်စာတွေကိုလည်း တပတ်ကျော်ကျော်လောက်ထဲက ထုတ်ထားတယ်။ အားလုံးစည်းကမ်းလိုက်နာစ္စာနဲ့ လိုက်ပြီးလုပ်ရင်တော့ အဆင်ပြေပါလိမ့်မယ်။”လို့ အဲ့ဒီကျူးကျော်တွေကို ဖယ်ရှားရှင်းလင်းရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြော…

Read More
VOM News

FREE
VIEW