တန့်ဆည်မြို့ ရွှေကတော်စျေးရှိ ဆိုင်ခန်း ၃၀ ကျော် မီးလောင်

ဇွန် ၊ ၁၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့ ၊ မဟာမြိုင်ရပ်ကွက် ၊ ရွှေကတော် ဘုရားအနီးက ရွှေကတော် စျေးတန်းဟာ မနေ့ ဇွန် ၁၀ ရက် ည ၈ နာရီဝန်းကျင်းက မီးလောင်ခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေဆီက သိရပါတယ်။

“ညက ၈ နာရီကျော်မှာ မီးစတင်လောင်တယ် ၊ မီးလောင်ပျက်စီးသွားတာ ဆိုင်ခန်းပေါင်း ၃၁ ခန်းဖြစ်တယ် ၊ ရှို့မီးကြောင့် အခုလို ဆုံးရှုံးရတာပါ “လို့ မီးလောင်ဆုံးရှုံးခဲ့တဲ့ စျေးသည်တယောက်က ပြောပါတယ်။

တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ” ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးက ကာယကံရှင် နစ်နာသူတွေနဲ့ စီစစ်တွက်ချက်နေတုန်းဖြစ်တယ် ၊ အကြမ်းဖက်သမားတွေက ဝင်ရောက်ရှို့တာလို့ စစ်ဆေးပေါ်ပေါက်တယ် ၊ အမှုဖွင့်ဆောင်ရွက်ထားပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တန့်ဆည်မြို့ခံတယောက်က အဲ့ဒီ စျေးတန်းမီးရှို့ခံရတာနဲ့ပတ်သက်ပြီး ရှင်းပြတာက ” နယ်ဘက်တွေက ရွာတွေ အတော်များများ မီးရှို့ခံရတာ ရှိတယ် ၊ အဲ့ဒါတွေ နာကြည်းပြီး ပြန်ရှို့တာလို့ ထင်တယ် ၊ ရွာတွေမှာက နေစရာ မရှိတဲ့သူက များတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နယ၂၀၂၁ခုနှစ် ဇွန်လကလည်း ရွှေဘိုမြို့ပေါ်က စည်ပင်စျေးကြီး မီးလောင်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #တန့်ဆည် #ရွှေကတော်ဈေး #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW