ကျိုက်လတ်မှာ လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ပေါ်တင်လုပ်နေ

ကျိုက်လတ်၊ ဇွန် ၁၁-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တရက်နဲ့တရက် ဖဲလောင်းကစားဝိုင်း ကို ပေါ်ပေါ်တင်တင် တရားဝင်သဖွယ်လုပ်နေကြတယ်လို့ အဲ့ဒီဒေသခံတွေဆီက သိရပါတယ်။

ကျိုက်လတ်မြို့နယ်က ကျေးရွာ ၇ ရွာထက်မနည်းနဲ့
မြို့ပေါ်ရပ်ကွက် ၉ ခုလောက်မှာ ဖဲလောင်းကစားဝိုင်းကို တရားဝင်သဖွယ်လုပ်လာကြတာကြောင့် စီးပွားရေးကြပ်တည်းလာပြီး မှုခင်းတွေလည်း ဖြစ်ပွားလာတယ်လို့သိရပါတယ်။

ကျိုက်လတ်မြို့ပေါ်က ဒေသခံတဦးက” ဖဲဝိုင်းတွေကပေါ်ပေါ်တင်တင်လုပ်လာတာတွေ့ရတယ်။ တစ်နေ့နဲ့တစ်နေ့ ဖဲဝိုင်းတွေက တော်တော်များလာတာ။စီးပွားရေးတွေကလည်း ကျပ်တည်းလာချိန် တရားမဝင်လောင်းကစားတွေကများလာတော့ မှုခင်းတွေကလည်း ဖြစ်လာတယ်။ထပ်ထပ်ပြီးတော့လည်း ဖြစ်လာဖို့သာရှိတယ်၊ ဒါ့ကြောင့်ထိန်းချုပ်ဖို့လိုလိမ့်မယ်လို့ယူဆတယ်” လို့ ပြောပါတယ်။

အဲ့ဒီ လောင်းကစားဝိုင်းတွေကို ငွေကြေးပြေလည်သူတွေက လိုင်းကြေးတွေပေးပြီး လုပ်နေတာလို့သိရပြီး ဖဲဝိုင်းတစ်ဝိုင်းကို သိန်း ၅၀ ကျော်နဲ့ ၁၀၀ ကျော်လောက် လောင်းကစားကြေးဖြစ်နေပြီး ဝိုင်းကောင်းတဲ့အခါ ဒီထက်ပိုများတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်သိရပါတယ်။

အဲ့ဒီလို လောင်းကစားပြုလုပ်နေတာနဲ့ပတ်သက်လို့ မြို့နယ်အဆင့်တာဝန်ရှိသူတဦးက “လောင်းကစားတွေကပြည်သူတွေကနေ စဖြစ်တာ။ဒီကလောင်းကစားတွေ ပပျောက်ဖို့ဆိုရင်တော့ ပြည်သူတွေက ပူးပေါင်းဖို့လိုတယ်။ လောင်းကစားဆို ဘယ်လောင်းကစားဖြစ်ဖြစ် တာဝန်ရှိသူတွေဘက်ကလည်း ခွင့်မပြုပါဘူး။တွေ့ရင် ဖမ်းမယ်၊ တိုင်သူရှိရင် စစ်မယ်။”လို့ ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ ဖဲလောင်းကစားဝိုင်းတွေများ လာတဲ့အပြင် ၂ လုံးထီ ၊ ၃ လုံးထီ ၊ ၅ ကောင်ဝိုင်း နဲ့
ကြက်တိုက်ပွဲတွေလည်း လုပ်လာကြတယ်လို့မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ကျိုက်လတ်မြို့နယ်က ရုံးဒေါင့်ဆိုတဲ့ ကျေးရွာတရွာမှာ
ပြီးခဲ့တဲ့ မေလအတွင်းက ဖဲဝိုင်းကနေ အမျိုးသား
၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ရန်ထဖြစ်လို့
ကျေးရွာတာဝန်ရှိသူတွေက ဝိုင်းဖြန်ဖြေပေးခဲ့ရသေး တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ် #လောင်းကစားဝိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW