လက်ပံတန်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့အမျိုးသားတဦး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး

ဇွန် ၁၁-၂၀၂၂
VOM (GG )

ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်၊ကျွန်းကလေးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်စီးနေချိန် သေနတ်နဲ့ပစ်ခတ်ခံရလို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

ဒီနေ့ဇွန်လ ၁၁ ရက်နေ့ မနက် ၁၁ လောက် မှာ ကျွန်းကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်‌ရွှေ ဆိုသူဟာ အမျိုးသားတဦးနဲ့အတူ ဆိုင်ကယ်စီးလာစဉ် အခြားဆိုင်ကယ်စီးလာသူအမျိုးသားတွေက သေနတ်နဲ့ပစ်သတ်ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” သူ့တပည့်နဲ့ လယ်သွားကြည့်တာမှာ သေနတ်နဲ့လိုက်အပစ်ခံရတာလို့ကြားတယ်။သူက စစ်မှုထမ်းဟောင်းပါ။လက်ပံတန်း​မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ၊ သူက ဆေးရုံတောင်မရောက်လိုက်ဘူး နေရာမှာပွဲချင်းပြီးပဲ”လို့ ဒေသခံတဦးကပြောပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့အတူပါတဲ့ အမျိုးသားလည်း သေနတ်ထိမှန်ခဲ့လို့ လက်ပံတန်းမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့အမျိုးသားတဦး သေနတ်နဲ့ပစ်ခတ်မှုကိုတော့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)ရဲ့ ရွှေတန်းမြေပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #လက်ပံတန်း #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW