ပဲနွယ်ကုန်းနယ်​မြေရဲစခန်းက တပ်ကြပ်ကြီးတဦး သေနတ်နဲ့၅ချက်ပစ်ခံရပြီးသေဆုံး

ဇွန် ၁၆-၂၀၂၂
VOM (GG)

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းက တပ်ကြပ်ကြီးထွန်းထွန်းနိုင် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်တံခါးမြို့အဝင်ဆိုင်းပုဒ်ရှေ့နားမှာ သေနတ်နဲ့ ၅ချက်အပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က ၁ နာရီခွဲလောက်က ပစ်ခံရတာ၊သူက ဂတ်စ်စာရေးဆိုတော့ ပြည်သူတွေဆီက ငွေတောင်းတာဘာညာနာမည်ထွက်တယ်။ ဒါကြောင့်ပစ်ခံရတာလို့ ပြောတယ် ၊ခေါင်း ၁ ချက်၊ ရင်ဘတ် ၄ ချက် မှန်ပြီး ပွဲချင်းပြီးပဲ “လို့ ဒေသခံတဦးကပြောပါတယ်။

တပ်ကြပ်ကြီး ထွန်းထွန်းနိုင် အသတ်ခံရတာကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ပဲခူးခရိုင်ထဲကမြို့နယ်တွေမှာတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတွေက စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေတယ််လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲနွယ်ကုန်း #တပ်ကြပ်ကြီး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW