ထိုစဉ်က လက်ဖက်ရည်ဆိုင်များ

ဆူးငှက် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝ မန္တလေးမှာမေ့မရနိုင်သော လက်ဖက်ရည်ဆိုင်များ ရှိခဲ့သည်။ ထိုစဉ်ကာလ စတီရီယိုဟုခေါ်သော ခေတ်ပေါ်သီချင်းတွေ ခေတ်စားအရှိန်ရကာလ ဆိုတော့ အခုလို အိမ်တိုင်းစေ့၊ လူတိုင်းစေ့ အော်ဒီယိုပစ္စည်းတွေ မရှိသဖြင့် ‘အကိုင်း’စက်ကြီးတွေနှင့်သီချင်းဖွင့်သော အမှတ်တရ လက်ဖက်ရည်ဆိုင်တွေလည်း ရှိခဲ့ပါ၏။ အလားတူ အအေးဆိုင်များလည်း ရှိခဲ့ပါ၏။ သို့သော် ကျွန်တော့်အတွက် မေ့မရနိုင်သော လက်ဖက်ရည်ဆိုင်များ ဆိုသည်မှာ သီချင်းတွေ စက်သစ်ကြီးနှင့် ဖွင့်လို့လည်းမဟုတ်။ ဆိုင်အပြင်အဆင် ကောင်းလို့လည်း မဟုတ်။ လက်ဖက်ရည်တွေ မုန့်တွေ အဆင်ပြေလို့လည်း မဟုတ်။ ထိုစဉ်ကာလ ကျွန်တော်ကလည်း ‘စာရူးပေရူး’လို့ ပြောရမယ့်အချိန်မို့ စာပေနှင့်ပတ်သက်၍ အမှတ်တရဖြစ်ဖွယ် နေရာများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ၁၉၇၅ မှ ၇၉ ဝန်းကျင် မန္တလေးတက္ကသိုလ်တွင် အခြားအခြားသော လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ကျောင်းလူတွေ တရုန်းရုန်းနှင့်မို့ ကျောင်းသားတွေ ကျောက်ချကြလေ့ရှိသော်လည်း ကျွန်တော်တို့…

Read More

ကွတ်ခိုင်အနီးမှာ တပ်မတော် နဲ့ K.I.A တိုက်ပွဲပြင်းထန်နေ

ဇွန် ၁၆၊ ၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အနီးမှာ မနေ့ ဇွန်လ ၁၅ ရက်ကနေ ဒီကနေ့ဇွန်လ ၁၆ ရက်နေ့ထိ ၂ ရက် ဆက်တိုက် တပ်မတော် နဲ့ K.I.A တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “အခုနော်။ မနေ့ကတည်းက တိုက်ပွဲ ဖြစ်နေတာ။ ၃ ကြိမ်ရှိပြီ။ ကွတ်ခိုင် ထင်းရှူးတော၊ ကာလိုင် အနီးတဝိုက် တောက်လျှောက် တပ်ရင်း ၈၊ တပ်ခွဲ ၁ တို့နဲ့ ချနေကြတယ်။ ကွတ်ခိုင် ထင်းရှူးတော၊ ယူကလစ်တောတွေမှာ အခု တိုက်ပွဲဖြစ်နေတယ်။ ကာလိုင်ဘက်တော့ ပြန်ငြိမ်ပြီ။” လို့ K.IA ရှေ့တန်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။ ဒေသခံတဦးကလည်း “ဒီနေ့ မွန်းလွဲပိုင်း၂ နာရီ…

Read More

ပုဏ္ဏားကျွန်းမြို့ပေါ် မှာ ပစ်ခတ်သံတွေကြောင့် ဒေသခံတွေစိုးရိမ်နေ

ဇွန် ၁၆- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်လောက်က ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် မြို့တွင်းလူသွား လူလာတွေမရှိသလောက်နည်းပါးသွားပြီး ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ခံတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ပစ်ခတ်သံတွေကြားရတာဟုတ်မှန်ကြောင်းနဲ့ အသေးစိပ်အချက်အလက်တွေကို ပြောရခက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ပုဏ္ဏားကျွန်းမြို့တွင်း အခြေအနေနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ဒေသခံ တဦးက “ သေနတ်ပေါက်သံတော့ကြားလိုက်ပါတယ်။ ညနေ ၃ နာရီခွဲလောက်မှာ သေနတ်ပစ်သံ ၅ လောက်ချက်ကြားလိုက်ရပါတယ်။ နောက်ပြီး ညနေပိုင်း ၅ နာရီခွဲလောက်ကလည်း ၅ ချက်လောက်ကြားလိုက်ပါတယ်။ လက်နက်ငယ်သံပါပဲ။ ဘယ်ကနေ ဘယ်ကိုပစ်တာလဲ မသိပါဘူး။ ဘယ်လိုဖြစ်တာလဲဆိုတော့ ၅၅၀ တပ်ရင်းအနီးမှာ စစ်သားတစ်ယောက်ကို အေအေက ဖမ်းသွားတယ်လို့ကြားပါတယ်”…

Read More

ယူကရိန်း ဆီဗီရိုဒွန်နက်စ်မြို့မှာ ပိတ်မိနေတဲ့ အရပ်သား ထောင်ပေါင်းများစွာ စားနပ်ရိက္ခာပြတ်လပ်နေ

ကိယက်ဗ်၊ ဇွန်-၁၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုနဲ့ကြုံနေရတဲ့ ယူကရိန်းနိုင်ငံ ဆီဗီရိုဒွန်နက်စ်မြို့မှာ အရပ်သားထောင်ပေါင်းများစွာ ပိတ်မိနေပြီး မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်သွားပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ပိတ်မိနေသူအများစုဟာ မြို့မှာရှိတဲ့ Azot ဓါတုစက်ရုံအောက်မှာရှိတဲ့ ကတုတ်ကျင်းတွေမှာ ခိုလှုံနေကြရပါတယ်။ ယခုသီတင်းပတ်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရုရှားတပ်တွေဟာ မြို့မှာရှိတဲ့ တံတားတွေအားလုံးကို ဖျက်ဆီးပစ်လိုက်တာကြောင့် အရပ်သားတွေပိတ်မိနေတာဖြစ်ပါတယ်။ ဆီဗီရိုဒွန်နက်စ်မြို့ကို သိမ်းပိုက်မှုဟာ ရက်သတ္တပတ်များစွာအတွင်း ရုရှားရဲ့ ထိပ်တန်းစစ်ရေး ရည်မှန်းချက်ဖြစ်ပြီး ယခုအခါ မြို့ရဲ့နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ရေနဲ့ အညစ်အကြေးစွန့်ဖို့ကိစ္စ ဖြေရှင်းဖို့နည်းလမ်းမရှိတာဟာ ကြီးမားတဲ့ စိုးရိမ်စရာဖြစ်ပြီး ရေမရှိရင် အကြာကြီးအသက်ရှင်နိုင်ဖွယ်မရှိတာဟာ မိမိတို့အတွက် ကြီးမားတဲ့ စိုးရိမ်စရာဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ Saviano Abreu ကပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်း လူဟန့်ခ်ဒေသရှိ ဆီဗီရိုဒွန်နက်စ်မြို့မှာ ပိတ်မိနေသူတွေအတွက် လက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ…

Read More

တာ​လောကြီး – ​ရွှေ​ညောင်ပင်လမ်းမပေါ်မှာ ရေကြီးပြီး ကုန်တင်ကားတွေ ရေနစ်နေ

ဇွန် ၁၆-၂၀၂၂ Shy V (VOM) မြန်မာ- တရုတ် အဓိကကုန်သွယ်ရာလမ်းပိုင်းတခုဖြစ်တဲ့ ကချင်ပြည်နယ်ရှိ တာ​လောကြီး ​ရွှေ​ညောင်ပင် လမ်းမပေါ်မှာ မနေ့ ဇွန်လ ၁၅ ရက်​ကစ ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ထိ မိုးသည်းထန်ပြီး ဧရာဝတီမြစ်ရေကြီးလာလို့ လမ်းမထိ ရေလျှံကာ ကုန်တင်ကားတွေ ရေနစ်ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ခန့်မှန်းခြေ အစီး ၂၀ လောက်ရရှိမယ်။ခါလီ ကားရော၊ ကုန်ကားရော၊ ဂျပ်ဖာတင်ထားတာတွေရော။ မနေ့ကနေ ခုထိပေါ့ ကားတွေနစ်နေတာ”လို့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ် ကားတွေပေါ်မှာ ယာဉ်မောင်းတွေ ပိတ်မိတာမရှိပေမယ့် မိမိတို့ကားနဲ့ အနီးစပ်ဆုံး ကုန်းပေါ်က တဲတွေမှာ ယာယီခိုနေကြပြီး ကုန်းလမ်းပိတ်ဆိုမှုဖြစ်နေတယ်လို့ သိရပါတယ်။ “ကုန်းလမ်းပိတ်​နေတာ​ပေါ့။ တချို့ စက်​လှေ​တွေနဲ့ သွား​ကြတာ​တော့ ​တွေ့​နေရတယ်။ အစား​သောက်​တွေက အဲဒီတဲရောင်း​ပေးတာရင်စားရတာ​​ပေါ့။ မ​​ရောင်းရင်​တော့…

Read More

ပုသိမ်မှာ လျှပ်စစ်မီး အလှည့်ကျပေးနေလို့ သောက်ရေသန့်ဈေးနှုန်း အဆမတန့်မြင့်တက်နေ

ပုသိမ် ၊ ဇွန် ၁၆-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်မြို့မှာ လျှပ်စစ်မီး မကြာခဏပြတ်တာ၊အလှည့်ကျပေးနေတာတွေကြောင့် တခြားကုန်စျေးနှုန်းတွေနဲ့အတူ သောက်ရေသန့်ဘူးကြီးတွေလည်း အဆမတန်ဈေးမြင့်တက်လာလို့ ဒေသခံတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ”ပုသိမ်မှာတော့ ရေဘေးဒုက္ခ ထပ်ကြုံလာရပြန်ပါပြီ၊ ရေဈေးတက်တဲ့ပြဿနာ၊ရေလိုတဲ့ အချိန်မရတာကပြဿနာပါရှိနေတယ်။ရေဈေးကလည်း အဆမတန်မြင့်တက်နေတာပါ။အခုဈေးတက်နေတဲ့အပြင် ဝယ်မရတဲ့ပြဿနာတွေလည်းရှိနေတယ်။”လို့ ပုသိမ်မြို့ခံ တဦးကပြောပါတယ်။ ပုသိမ်မှာတော့ အရင်က၂ဝ လီတာသောက်ရေသန့်ဘူးတဘူးကိုငွေကျပ် ၃ဝဝ နဲ့ယူပြီးတော့ ပြန်ရောင်းချနေရာကနေ ဇွန်လ ၁ ရက်ကနေ ဒီကနေ့အထိ ၂၀ လီတာသောက်ရေသန့်ဘူးတဘူးကို ငွေကျပ် ၁၅၀၀ နဲ့ရောင်းချနေရတာဖြစ်ဖြစ်တယ်လို့ ရေသန့်ဘူးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။ ”မီးမှန်ရင်တော့ ရေသန့်ထွက်တာလည်း မှန်တယ်။ ဈေးလည်းမှန်တယ်။အခုက မီးမမှန်လို့ ရေသန့် ထွက်တာနည်းတယ်။သောက်သုံးသူများလာတယ်။ ဒီတော့ ဈေးတက်သွားတာပါ။”လို့ ရေသန့်စက်ရုံ လုပ်ငန်းရှင်တဦးကပြောပါတယ်။ ”ဒီဘက်ကအရင်က ၃ဝဝ ယူတယ်။ ၅ဝဝ ရောင်းရတယ်။ အခုက ၁၂၀၀ ဈေးနဲ့ယူရတော့ ၁၅ဝ၀…

Read More

ရေစင်ရေမန်းတော်ကြီး နာမည်နဲ့ ရေသန့်ဘူးရောင်းနေသူတွေကို FDA ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူ

ဇွန် ၁၆-၂၀၂၂ VOM (GG) FDA ခွင့်ပြုချက် မရှိဘဲ တရားမဝင် ရေသန့်ထုတ်ဝေရောင်းချနေတဲ့ ရေစင်ရေမန်းတော်ကြီး သောက်ရေသန့်ကို FDA နဲ့ ပူးပေါင်းအဖွဲ့က မနေ့ဇွန်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ မနေ့က ညနေပိုင်းမှာ ရေသန့်ကို အဘရှိန်ရဲ့ ရေစင်ရေမန်းအဖြစ် ပြုပြင်ရောင်းချနေတဲ့ စက်ရုံနဲ့ အာတီးယားလမ်းရှိ ရုံးချုပ်ကို ရန်ကုန် FDA ၊မြို့နယ်စားသုံးသူရေးရာ၊စည်ပင် နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့က ဝင်ရောက်ဖမ်းစီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်ကဲ့ မနေ့ညနေငါးနာရီက အရေးယူလိုက်ပါပြီခင်ဗျ ၊ ကျနော်တို့အသင်းက တိုင်စာရရင် ကွင်းဆင်းပြီးစောင့်ကြည့်အဖွဲ့တွေထား စုံစမ်းရပါတယ်။သေချာမှကျနော်တို့ကအာမခံမှ FDA လည်း ဖမ်းရဲအရေးယူရဲပါတယ် ၊ နောက်ထပ်တရားမဝင်ရောင်းနေတာတွေလည်းရှိတယ်။အမှောင်ထဲချောင်ထဲကရောင်းနေတာမို့ပြည်သူကသတင်းပေးပြီးတိုင်မှ သိရမှာပါ၊ ပြည်သူရဲ့အားလိုပါတယ်”လို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်ကပြောပါတယ်။ ရေစင်ရေမန်းတော်ကြီးဆိုပြီး ရောင်းချနေတဲ့ရေသန့်ဟာ စျေးကွက်မှာ ရေသန့်၂၀လီတာ တဘူးကို ၂၀၀၀၀ ကျပ်အထိရှိတယ်လို့ဆိုပါတယ် ။ ” ရေစင်ရေမန်းတော်ကြီးဘဲဖြစ်ဖြစ်…

Read More

စစ်ကိုင်းမြို့နယ်က ပဒူရွာမှာ ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇွန် ၊ ၁၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ပဒူကျေးရွာမှာ မနေ့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက ကုန်စုံဆိုင် လင်မယားကို လာသတ်တဲ့သူတွေက ဆိုင်ရှင်လင်မယား ၂ ယောက်အပြင် စျေးဝယ်နေတဲ့ လူ ၂ ယောက်ကိုပါ သတ်ဖြတ်သွားတဲ့ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဖြစ်တာက မနေ့က နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မျက်နှာဖုံးစွပ်ထားတဲ့ လူတစုက ကုန်စုံဆိုင် ပိုင်ရှင် ကိုစိုင်း ခေါ် ကိုစိုင်းသီဟနဲ့ သူ့မိန်းမ မစံပယ်တို့ လင်မယား ၂ ယောက်ကို သတ်တယ် ၊ အဲ့ဒီ အချိန်မှာ စျေးဝယ်လာတဲ့ ဦးဖိုးလပြည့် ခေါ် လုံချောနဲ့ ကိုသန်းမြတ်စိုးဆိုတဲ့…

Read More

ပဲနွယ်ကုန်းနယ်​မြေရဲစခန်းက တပ်ကြပ်ကြီးတဦး သေနတ်နဲ့၅ချက်ပစ်ခံရပြီးသေဆုံး

ဇွန် ၁၆-၂၀၂၂ VOM (GG) ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းက တပ်ကြပ်ကြီးထွန်းထွန်းနိုင် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်တံခါးမြို့အဝင်ဆိုင်းပုဒ်ရှေ့နားမှာ သေနတ်နဲ့ ၅ချက်အပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ၁ နာရီခွဲလောက်က ပစ်ခံရတာ၊သူက ဂတ်စ်စာရေးဆိုတော့ ပြည်သူတွေဆီက ငွေတောင်းတာဘာညာနာမည်ထွက်တယ်။ ဒါကြောင့်ပစ်ခံရတာလို့ ပြောတယ် ၊ခေါင်း ၁ ချက်၊ ရင်ဘတ် ၄ ချက် မှန်ပြီး ပွဲချင်းပြီးပဲ “လို့ ဒေသခံတဦးကပြောပါတယ်။ တပ်ကြပ်ကြီး ထွန်းထွန်းနိုင် အသတ်ခံရတာကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ ပဲခူးခရိုင်ထဲကမြို့နယ်တွေမှာတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတွေက စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေတယ််လို့ သိရပါတယ်။…

Read More

မန္တလေးမှာ မနက်စောစော မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးတဦး သေဆုံးခဲ့

ဇွန် ၁၆-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၇-၁၈လမ်းကြား ၈၇လမ်း ၈၈လမ်းကြားရှိ နေအိမ်တအိမ်မှာ ဒီကနေ့မနက် ၅နာရီခန့်က မီးလောင်မှုဖြစ်ခဲ့ပြီး လူသေဆုံးမှုရှိခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” မီးလောင်တဲ့အချိန် အိမ်ရှင်တွေက အိပ်ပျော်နေတော့ မသိကြတာ၊ အိမ်အောက်ထပ်က စလောင်တာ၊ အမျိုးသမီးတဦး မီးခိုးမွှန်းပြီး သေပါတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ အိမ်ပိုင်ရှင်တွေအိပ်ပျော်နေချိန် နေအိမ်အောက်ထက်ရှိ နံရံကပ်ပန်ကာ အပူလွန်ကဲပြီး မျက်နှာကျက်ကို ကူးစက်သွားရာကနေ မီးစတင်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ အသက်၆၇ နှစ် အရွယ် အမျိုးသမီးတဦး မီးခိုးမွှန်း၊ အသက်ရှုကြပ် သေဆုံးခဲ့ပြီး၊ အသက် ၄၀နှစ်အရွယ် အမျိုးသားတဦးဟာ ဝဲပါးနဲ့ယာခြေထောက်တို့မှာ (မစိုးရိမ်ရ)ဒဏ်ရာရရှိကာ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ မီးလောင်မှုကို Level -1အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်(၁)လုံး၊…

Read More
VOM News

FREE
VIEW