ရေစင်ရေမန်းတော်ကြီး နာမည်နဲ့ ရေသန့်ဘူးရောင်းနေသူတွေကို FDA ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူ

ဇွန် ၁၆-၂၀၂၂
VOM (GG)

FDA ခွင့်ပြုချက် မရှိဘဲ တရားမဝင် ရေသန့်ထုတ်ဝေရောင်းချနေတဲ့ ရေစင်ရေမန်းတော်ကြီး သောက်ရေသန့်ကို FDA နဲ့ ပူးပေါင်းအဖွဲ့က မနေ့ဇွန်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ညနေပိုင်းမှာ ရေသန့်ကို အဘရှိန်ရဲ့ ရေစင်ရေမန်းအဖြစ် ပြုပြင်ရောင်းချနေတဲ့ စက်ရုံနဲ့ အာတီးယားလမ်းရှိ ရုံးချုပ်ကို ရန်ကုန် FDA ၊မြို့နယ်စားသုံးသူရေးရာ၊စည်ပင် နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့က ဝင်ရောက်ဖမ်းစီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

” ဟုတ်ကဲ့ မနေ့ညနေငါးနာရီက အရေးယူလိုက်ပါပြီခင်ဗျ ၊ ကျနော်တို့အသင်းက တိုင်စာရရင် ကွင်းဆင်းပြီးစောင့်ကြည့်အဖွဲ့တွေထား စုံစမ်းရပါတယ်။သေချာမှကျနော်တို့ကအာမခံမှ FDA လည်း ဖမ်းရဲအရေးယူရဲပါတယ် ၊ နောက်ထပ်တရားမဝင်ရောင်းနေတာတွေလည်းရှိတယ်။အမှောင်ထဲချောင်ထဲကရောင်းနေတာမို့ပြည်သူကသတင်းပေးပြီးတိုင်မှ သိရမှာပါ၊ ပြည်သူရဲ့အားလိုပါတယ်”လို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်ကပြောပါတယ်။

ရေစင်ရေမန်းတော်ကြီးဆိုပြီး ရောင်းချနေတဲ့ရေသန့်ဟာ စျေးကွက်မှာ ရေသန့်၂၀လီတာ တဘူးကို ၂၀၀၀၀ ကျပ်အထိရှိတယ်လို့ဆိုပါတယ် ။

” ရေစင်ရေမန်းတော်ကြီးဘဲဖြစ်ဖြစ် နတ်ရေစင်ဘဲဖြစ်ဖြစ်၊သိကြားမင်းဆီကပဲ ထုတ်ထုတ်၊ကျန်းမာရေးကိုမထိခိုက်ကြောင်း သန့်ရှင်းစွာထုတ်လုပ်ထားကြောင်း
FDA လက်မှတ်အမှတ်ပါဖို့လိုပါတယ်၊ “လို့ ဦးရဲထွဋ်က ဆက်ပြောပါတယ်။

ဒါ့ကြောင့် ရေသန့်ထုတ်လုပ်သူတွေအနေနဲ့ ရေထဲမှာ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် သတ္ထုဓါတ်၊အာဆင်းနစ်တွေ ထုံး၊သံအစရှိတဲ့အရာတွေ ဘယ်လောက်ပါတယ်ဆိုတာကို FDAမှာ သွားရောက်ဓါတ်ခွဲဖို့ အကြံပြုပြောဆိုထားပါတယ်။

” အဲ့ဒီ ရေစင်ရေမန်းတော်ကြီးဆိုလား အဲ့ဒါသောက်ရင် အိပ်ပျော်တယ်တဲ့၊ စားကောင်းတယ် လူကြီးတွေဆို စားဝင်အိပ်ပျော်တယ်။ကျန်းမာရေးလည်းကောင်းတယ်။ရောဂါပျောက်တယ်ဆိုပြီး လိုင်းပေါ်မှာကြော်ငြာနေတာတွေ့တယ်။အဲ့တုန်းကတွေးမိသေး ဘာရေမို့လို့ပါလိမ့်ပေါ့။FDA ခွင့်ပြုချက်ရှိလားမရှိလားလည်းမစဥ်းစားမိဘူး။ နောက်ဆိုရင် ဘာပဲဝယ်ဝယ် FDA ခွင့်ပြုချက်ပါမပါ စစ်ရမယ်”လို့ ရန်ကုန်မြို့မှာ နေထိုင်သူတဦးကပြောပါတယ်။

အဲ့ဒီ ရေစင်ရေမန်းတောက်ကြီး သောက်ရေသန့်ကို ၂၀၂၁ ခုနှစ် မေလမှာ စတင် ရောင်းချခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပြည်တွင်း မှာ FDA ခွင့်ပြုချက်မရှိဘဲ တရားမဝင် ထုတ်လုပ်ရောင်းချနေတဲ့ ရေသန့်တွေရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ သေချာ စစ်ဆေးပြီးသတင်းပေးတိုင်ကြားဖို့လိုအပ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရေစင်ရေမန်းတော်ကြီးသောက်ရေသန့် #FDA #ဖမ်းဆီးအရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW