ယူကရိန်း ဆီဗီရိုဒွန်နက်စ်မြို့မှာ ပိတ်မိနေတဲ့ အရပ်သား ထောင်ပေါင်းများစွာ စားနပ်ရိက္ခာပြတ်လပ်နေ

ကိယက်ဗ်၊ ဇွန်-၁၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုနဲ့ကြုံနေရတဲ့ ယူကရိန်းနိုင်ငံ ဆီဗီရိုဒွန်နက်စ်မြို့မှာ အရပ်သားထောင်ပေါင်းများစွာ ပိတ်မိနေပြီး မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်သွားပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ပိတ်မိနေသူအများစုဟာ မြို့မှာရှိတဲ့ Azot ဓါတုစက်ရုံအောက်မှာရှိတဲ့ ကတုတ်ကျင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ယခုသီတင်းပတ်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရုရှားတပ်တွေဟာ မြို့မှာရှိတဲ့ တံတားတွေအားလုံးကို ဖျက်ဆီးပစ်လိုက်တာကြောင့် အရပ်သားတွေပိတ်မိနေတာဖြစ်ပါတယ်။

ဆီဗီရိုဒွန်နက်စ်မြို့ကို သိမ်းပိုက်မှုဟာ ရက်သတ္တပတ်များစွာအတွင်း ရုရှားရဲ့ ထိပ်တန်းစစ်ရေး ရည်မှန်းချက်ဖြစ်ပြီး ယခုအခါ မြို့ရဲ့နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ရေနဲ့ အညစ်အကြေးစွန့်ဖို့ကိစ္စ ဖြေရှင်းဖို့နည်းလမ်းမရှိတာဟာ ကြီးမားတဲ့ စိုးရိမ်စရာဖြစ်ပြီး ရေမရှိရင် အကြာကြီးအသက်ရှင်နိုင်ဖွယ်မရှိတာဟာ မိမိတို့အတွက် ကြီးမားတဲ့ စိုးရိမ်စရာဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ Saviano Abreu ကပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်း လူဟန့်ခ်ဒေသရှိ ဆီဗီရိုဒွန်နက်စ်မြို့မှာ ပိတ်မိနေသူတွေအတွက် လက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ ကုန်သွားပြီဖြစ်ကြောင်း သူက သတိပေးပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW