မန္တလေးမှာ မနက်စောစော မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးတဦး သေဆုံးခဲ့

ဇွန် ၁၆-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၇-၁၈လမ်းကြား ၈၇လမ်း ၈၈လမ်းကြားရှိ နေအိမ်တအိမ်မှာ ဒီကနေ့မနက် ၅နာရီခန့်က မီးလောင်မှုဖြစ်ခဲ့ပြီး လူသေဆုံးမှုရှိခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” မီးလောင်တဲ့အချိန် အိမ်ရှင်တွေက အိပ်ပျော်နေတော့ မသိကြတာ၊ အိမ်အောက်ထပ်က စလောင်တာ၊ အမျိုးသမီးတဦး မီးခိုးမွှန်းပြီး သေပါတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

အိမ်ပိုင်ရှင်တွေအိပ်ပျော်နေချိန် နေအိမ်အောက်ထက်ရှိ နံရံကပ်ပန်ကာ အပူလွန်ကဲပြီး မျက်နှာကျက်ကို ကူးစက်သွားရာကနေ မီးစတင်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ အသက်၆၇ နှစ် အရွယ် အမျိုးသမီးတဦး မီးခိုးမွှန်း၊ အသက်ရှုကြပ် သေဆုံးခဲ့ပြီး၊ အသက် ၄၀နှစ်အရွယ် အမျိုးသားတဦးဟာ ဝဲပါးနဲ့ယာခြေထောက်တို့မှာ (မစိုးရိမ်ရ)ဒဏ်ရာရရှိကာ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

မီးလောင်မှုကို Level -1အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်(၁)လုံး၊ ဆိုင်ကယ်(၁)စီးနဲ့ အတွင်းပစ္စည်းစုစုပေါင်း ၁၇သိန်းကျပ် မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် နေအိမ်ပိုင်ရှင်အမျိုးသားကို အမှတ်(၅)နယ်မြေရဲစခန်းက (ပ-၉၇/ ၂၀၂၂)၊ ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo – Than Htay(FB)
#voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW