ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှုနဲ့ ထောင်၂၁နှစ် ထပ်ချ

ဇွန် ၁၇-၂၀၂၂
Voice Of Myanmar

ဖမ်းခံထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့မှာပဲ အိုးဘိုအကျဉ်းထောင် တရားရုံးမှာ အဂတိအမှုနဲ့ ထောင်ဒဏ်(၂၁)နှစ် ထပ်ချလိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒေါက်တာဇော်မြင့်အောင်ကို အဂတိအမှု ၃ ခုအပါအဝင် တခြားရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့ ဒီနေ့ ၂၁နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက သိရပါတယ်

အဲဒီအမှုတွေကတော့ ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်ကို ဆေးသွားကုချိန် ဦးမောင်ဝိတ်ဆီကကလာဘ်ငွေယူတယ်ဆိုပြီး တရားစွဲထားတာနဲ့ မြင်းခြံ၊ ပြင်ဦးလွင်က NLD ရုံးတွေ တည်ဆောက်ချိန်မှာ အဂတိမကင်းဘူးဆိုပြီး အမှုဖွင့်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အမှု ၉ မှုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး အဲ့ဒီအမှုတွေထဲကနေ ထောင်ဒဏ် ၆ နှစ် အရင်က ချမှတ်ခံထားပြီး ခုပြစ်ဒဏ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၇နှစ် ချမှတ်ခံထားရပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒေါက်တာဇော်မြင့်မောင် #ထောင်၂၁နှစ်ထပ်ချ #အဂတိအမှု

Related posts

Leave a Comment

VOM News

FREE
VIEW